သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်နိုင်ငံ မြောက်ပိုင်းထဲ တူရကီ စစ်တပ်ဝင်တိုက်၊ ကာဒ်သူပုန် ၄၄ ဦး သေ


အီရတ်နိုင်ငံမြောက်ပိုင်းကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ စတင်ခဲ့တဲ့ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ရင်း မိမိတို့ ရဲတပ်ဖွဲ့ဝင် ၅ ယောက်နဲ့ ကာဒ်သူပုန် ၄၄ ယောက် သေဆုံးသွားကြောင်း တူရကီစစ်ဖက်က ကြေညာပါတယ်။

အီရတ်နိုင်ငံအတွင်းရှိ PKK ကာဒ်သူပုန်များ၊ အလုပ်သမားပါတီ နေရာများကို ရွေးချယ်နေရာ ပစ်မှတ်ထားပြီးတော့ အမြှောက်များနဲ့ လှမ်းပစ်ပြီး လေကြောင်းကတိုက်ခိုက်ရင်း တခြား ကာဒ်သူပုန် ၂၀ သေဆုံးသွားတယ်လို့ ထင်ရကြောင်းလည်း တူရကီအစိုးရ ကြေညာချက်ထဲမှာ ပါရှိပါတယ်။

အီရတ်နိုင်ငံအတွင်း မြောက်ပိုင်းကနေ အခုလို ဝင်ရောက် တိုက်ခိုက်တဲ့အတွက် အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တူရကီ သံအမတ်ကို ဆင့်ခေါ်ကာ ကန့်ကွက်လိုက်ပါတယ်။ တူရကီနိုင်ငံအနေနဲ့ အကန့်အသတ်နဲ့ ကာဒ်သူပုန်များကို ပစ်မှတ်ထားကာ တိုက်ခိုက်သွားဖို့ တူရကီအစိုးရကို ဝါရှင်တန်က တိုက်တွန်းထားကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရွှန် မက်ကောမက်(ခ်) က ပြောဆိုပါတယ်။

စစ်ရေးအရ မတော်မတရား မလုပ်ဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အီးယူ
တာဝန်ခံများကလည်း တူရကီအစိုးရကို တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG