သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် အပစ်အခတ်ရပ်စဲရေး ရှီးအိုက်ဘုန်းတော်ကြီး မာခ်တာဒါ က သက်တမ်းတိုး


အီရတ်နိုင်ငံမှာ အခြေအမြစ်ကစ တော်လှန်ပြောင်းလဲ လိုတဲ့ ရှီးအိုက် ဘုန်းတော်ကြီး မာခ်တာဒါ အယ်လ်ဆဒ် (Moqtada al Sadr) က အပစ်အခတ်ရပ်စဲရေးကို နောက် ၆ လ တိုးလိုက်ပါတယ်။ တိုင်းပြည်ထဲမှာ အကြမ်းဖက်မှုတွေ လျှော့ချရာမှာ အပစ်အခတ် ရပ်စဲရေးတွေဟာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါကြပါတယ်။

အယ်လ်ဆဒ် ကို သစ္စာရှိကြတဲ့ တပ်တွေက အမေရိကန်၊ အီရတ်တပ်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို တိုးလိုက်ကြောင်း သောကြာနေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဇွန်လကတည်းက အကြမ်းဖက်မှုတွေကို ၆၀ ရာနှုန်း လျှော့ချနိုင်ရာမှာ အပစ်အခတ် ရပ်စဲရေးက အရေးကြီးတဲ့ အပိုင်းတစ်ပိုင်း ဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ဆိုပါတယ်။ အဲသလို တိုးလိုက်တဲ့အတွက် အမျိုးသား သင့်မြတ်ရေးကို အားပေးပြီး အယ်လ်ခိုင်ဒါးတွေကို နှိမ်နင်းဖို့ တပ်တွေ ပို အာရုံစိုက် လုပ်ဆောင်နိုင်ပါတယ်လို့ အီရတ်မှာရှိတဲ့ အမေရိကန် စစ်တပ်က ဆိုပါတယ်။

ဒီလို တိုးလိုက်တာဟာ အပြုသဘော ဖြစ်ပေါ်တိုးတက်မှု ဖြစ်ပြီး၊ အကြမ်းဖက်အုပ်စု တွေကို အထီးကျန် ဖြစ်စေလိမ့်မယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ စကော့(တ်) စတန်းဇဲလ် (Scott Stanzel) က ပြောဆိုပါတယ်။

အယ်လ်ဆဒ် ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့က ဘဂ္ဂဒက်မြို့ လူထု အစည်းအဝေးမှာ မိန့်ခွန်းပြောကြားရာမှာ ပြည်သူ့စစ်တွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ အာဇာနည်တွေ ဖြစ်ဖို့ လိုအပ်ကြောင်း ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG