ပါကစ္စတန်က ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီနှစ်ခု ညွှန့်ပေါင်းအစိုးရဖွဲ့ရေး စတင်ဆွေးနွေးနေကြပါပြီ။
ကွယ်လွန်သူ ဘာနာဇီယာဘူတို ဦးဆောင်တဲ့ ပါကစ္စတန်ပြည်သူ့ပါတီ PPP ပါတီနဲ့
ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှာရစ်(ဖ်) ဦးဆောင်တဲ့ Pakistan Muslim League-N (PML-N) ပါတီက ခေါင်းဆောင်များ သေကြာနေ့မှာ အလွတ်သဘော စတင်ဆွေးနွေးကြတာပါ။
ညွှန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ရာထူးအတွက် PPP ပါတီ ဒုတိယ ဥက္ကဌ မက်ဒူးအာမင်း ဖာဆောင်း ကို ရွေးချယ်ကြောင်း နှစ်ပါတီတာဝန်ခံများက ပြောကြားတယ်လို့ ဆိုပါတယ်။ PPP ပါတီဝင်များက လွှတ်တော်ကိုယ်စားလှယ် အများဆုံးရရှိပြီးတော့
နာဝပ်ရှာရစ်(ဖ်) ရဲ့ပါတီက လွှတ်တော် ကိုယ်စားလှယ် ဒုတိယ အများဆုံး ရရှိပါတယ်။