သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ နိုင်ငံခြားသားကျောင်းသားများထူးချွန်


လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အမေရိကန်
တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ နိုင်ငံခြားသား
ကျောင်းသားဦးရေ ၆၀၀,၀၀၀ နီးပါးရှိခဲ့ပြီး
အမေရိကန်ဒေါ်လာ ၁၄.၅ ဘီလီယံ ဝင်ငွေ
ရှိခဲ့တာကြောင့် အရင်နှစ်ကထက် ၁ ဘီလီယံ
ဒေါ်လာ တိုးလာတယ်လို့ အမေရိကန် နိုင်ငံ တကာပညာရေးဌာနရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံတကာပညာရေးဌာနရဲ့
ဥက္ကဋ္ဌ Dr Allen Goodman က နိုင်ငံခြား
သား ကျောင်းသားတွေဆီက ရတဲ့ဝင်ငွေဟာ အမေရိကန်နိုင်ငံက နာမည်ကြီး ဘောလုံးအသင်းကြီးတွေက ရတဲ့ဝင်ငွေထက် ပိုများတယ်လို့ဆိုပါတယ်။

၂၀၀၆ ခုနှစ်အတွင်း အမေရိကန်တက္ကသိုလ်တွေက ပေးအပ်တဲ့ ပါရဂူ ဒေါက်တာ ဘွဲ့တွေရဲ့ သုံးပုံတပုံကို နိုင်ငံခြားသားကျောင်းသားတွေက ရရှိခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ရာစုနှစ်ထဲမှာ ဆေးပညာနဲ့ ခန္ဓာဗေဒ နိုဘဲလ်ဆုရရှိသူ အမေရိကန်သုံးဦးအနက် တဦးဟာ နိုင်ငံခြားမှာမွေးဖွားသူဖြစ်ပါတယ်၊ နိုင်ငံခြားသားကျောင်းသားတွေဟာ သိပ္ပံပညာမှာ ထူးချွန်ထက်မြက်ကြတယ်လို့လည်း ဒေါက်တာ Goodman က ပြောပါတယ်။

၂၀၀၁ ခုနှစ် အကြမ်းဖက်မှုကြီးအပြီး အမေရိကန်ပြည်ဝင်ခွင့်ဗီဇာတွေ တင်းကြပ်လိုက်တာကြောင့် ပညာသင်ကြားလိုကြသူတွေအတွက်ပညာရေးနဲ့အလှမ်းဝေးသွားမှာကို တချို့အမေရိကန် တာဝန်ရှိ သူတွေက စိတ်ပူနေကြတယ်လို့ အမေရိ ကန် အောက်လွှတ်တော်အမတ် Vernon Ehlers က ပြောပါတယ်။ ဒီလို တင်းတင်းကြပ်ကြပ်သတ်မှတ်မှုတွေကြောင့် တရားဝင် ဝင်ခွင့်မရကြလို့ လူ တော်လူကောင်း တော်တော်များများဟာ ဒီကိုမလာ နိုင်ကြဘူး လို့ ထင်တဲ့ အကြောင်း လည်း သူကဆိုပါတယ်။

ဒီလိုစိုးရိမ်မကင်းဖြစ်ရတာတွေနဲ့ ပတ်သက်လို့ အမေရိကန်အောက်လွှတ်တော် မှာ ကြားနာပွဲတရပ်ပြုလုပ်ခဲ့ပါတယ်၊ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ သိပ္ပံ သံတမန်ရေးကို ဘယ်လိုအားဖြည့်ကြမလဲဆိုတဲ့ကြိုးပမ်းမှုတွေထဲက ပထမ အကျော့ကြားနားပွဲပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG