အီရတ်နိုင်ငံမြောက်ပိုင်းမှာ ကာ့ဒ် သူပုန်များ ကို ထိုးစစ်ဆင်ရင်း တူရကီတိုက်ရဟတ်ယာဉ် တစီးပျက်ကျသွားတယ်။ တူရကီ တပ်ဖွဲ့ဝင် ရှစ်ယောက်သေဆုံး သွားတယ်လို့ တူရကီစစ်ဘက် က ကြေညာပါတယ်။
အဲဒီသေဆုံးသူ စစ်သား ရှစ်ယောက်ဟာ ရဟတ်ယာဉ် ပျက်ကျတဲ့ အထဲမှာ ပါသွားတာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
PKK ကာဒ် သူပုန်အဖွဲ့ကတော့ တူရကီ ရဟတ်ယာဉ် တစီးကို ပစ်ချလိုက်ပြီး တူရကီ စစ်သား ၂၀ကို သုတ်သင်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။