သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်နဲ့ကျန်းမာရေး


ညို။ ။ နန္ဒာရေ ကိုဇော်ဝင်းလှိုင်တို့၊ ကိုအောင်လွင်ဦးတို့ ဘယ်ပျောက်သွားလဲ ဒီမှာ သတင်းဆောင်းပါးအတွက် ဘုရှ်အသံ နဲ့ ဂမ်ဘာရီအသံလေးနဲနဲ ဖတ်ခိုင်းချင်လို့-

နန္ဒာ။ ။ ထုံးစံအတိုင်းပဲပေါ့။ အသံလွှင့်ပြီးသွားတာနဲ့ အပြေးအလွှား သွားရှုရဲှနေကြတယ်လေ

ညို။ ။ သူတို့ကလည်း စေတနာနဲ့ ပြောရင် နားမထောင်ချင်ကြဘူး၊ ဆေးလိပ်ဖြတ်လိုက်ကြပါဆို ဘယ်တော့မှ လက်မခံကြဘူး၊ ဟိုမှာ ထိုင်နေတဲ့ ကိုကျော်ကျော်သိန်းလဲ အတူတူပဲ

ကျော်။ ။ ဟာ ဘယ်နှယ့်နေရင်းထိုင်ရင်း ကျနော်ပါ ပါသွားရတာလဲ၊

ညို။ ။ ပါမှာပေါ့၊ ရှုရဲှအုပ်စုထဲ ကိုကျော်ကျော်သိန်းလဲ ပါတာပဲဟာ

နန္ဒာ။ ။ ဟုတ်တယ် ဟုတ်တယ် ဆေးလိပ်သောက်တာ ပိုက်ဆံလဲကုန်သေး ရောဂါလဲရသေး

ညို။ ။ မှန်လိုက်လေ နန္ဒာရယ်၊ ကမBာပေါ်မှာ သေဆုံးသူတွေရဲ့ ဒုတိယ အဓိကအကျဆုံးအကြောင်း ဟာ ဆေးလိပ်သောက်သုံးခြင်းကြောင့်ဆိုပြီး ဒဗလူျအိတ်ချ်အို ကမ္ဘာကျမ်းများရေး အဖွဲ့ကြီးက ပြော ထား တယ် နန္ဒာရဲ့

နန္ဒာ။ ။ ကိုကျော်ကျော်သိန်းကိုပြော ။ သူတို့က သောက်နေတဲ့သူတွေ၊ သူတို့ကို သေချာ ပြောပြဘို့လိုတယ်၊

ကျော်။ ။ အင်း မနန္ဒာကတော့ ငါ့ဘက်ကို မျှားဦးလှည့်ခိုင်းနေပြန်ပါပြီ၊ အော် ကိုဇော်ဝင်းလှိုင်တို့ ကိုအောင်လွင်ဦးတို့ပြန်လာမှ ပြောပါလား၊ သူတို့လဲ ကြားရတာပေါ့

ညို။ ။ အမလေး သူတို့ကိုအကြာကြီးစောင့်ပြီးတော့ မပြောပါဘူး၊ အလုပ်တွေက တဖက်ရှိ သေးတာ ကိုကျော်ကျော်သိန်းကိုပဲ ပြောပြထားတော့မယ် ပြီးတော့မှသာ သူတို့ကို ဆက်ပြီး ဝေငှပေတော့ ဆေးလိပ်သောက်တဲ့သူနဲ့ မသောက်တဲ့သူ ကွာခြားတာ လေးနဲနဲပဲ ပြောမှာပါ၊

နန္ဒာ။ ။ ကောင်းတယ်ကောင်းတယ် နန္ဒာ့အမြင်တော့ ကျမ်းမာရေးတွေ ငွေကြေးကုန်ကျတာတွေ အသာထား၊ ဆေးလိပ် သောက်တဲ့ ယောင်္ကျားလေးတွေထက် ဆေးလိပ်မသောက်တဲ့ ယောင်္ကျား လေးတွေက ပိုကြည့် ကောင်းသလိုပဲ၊ အသားအရေကအစ မတူဘူး၊

ကျော်။ ။ ဟေ့ဟေ့ ဒီလိုတော့ တဖက်သပ်မပြောနဲ့ စီးကရက်လေး ခဲနေတာကိုမှ သဘောကျတဲ့ ကောင်မလေးတွေ လဲအများကြီးရှိတယ်၊

ညို။ ။ ရှိတော့ ရှိတာပေါ့ ကိုကျော်ကျော်သိန်းရယ် ဒါပေမဲ့ နန္ဒာပြောတာတော့ ကျမလဲ လက်ခံ တယ်၊ ဆေးလိပ်သောက်တဲ့ သူတွေက အသားအရည်ခြောက်တယ်တဲ့၊

နန္ဒာ။ ။ သေချာပါတယ်၊ ဆေးလိပ်သောက်တဲ့ သူတွေက နှုတ်ခမ်းတွေလဲ မဲတတ်တယ်၊

ညို။ ။ နှုတ်ခမ်းမဲယုံဘယ်ကမလဲ။ တချို့ဆို လက်သည်းတွေလဲ ဝါနေတာပဲ

ကျော်။ ။ အော် သူတို့က တော်တော် စေ့စေ့စပ်စပ်လေ့လာထားကြတာပဲ၊ ဒီလောက်တော့လဲ မဟုတ်ဘူးနဲ့တူပါတယ်ဗျာ၊

ညို။ ။ ဘယ်နှယ့် မဟုတ်ရမှာလဲ ၊ ဆေးလိပ်သောက်တာကြောင့် တနှစ်ကို ၅ သန်းလောက်သေဆုံး နေကြရတယ်တဲ့သိလား၊ ဒီလိုနှုန်းနဲ့ ဆက်သွားနေရင် ၂ဝ၂ဝ ခုနှစ်ရောက်တဲ့အခါ ဆေးလိပ်ကြောင့် သေဆုံးမှုနှုန်း ဟာ တနှစ်ကို ၁ဝ သန်းအထိရောက်သွားနိုင်တယ်တဲ့

ကျော်။ ။ ဟုတ်မှလဲလုပ်ပါ မညိုရယ်၊

ညို။ ။ အော် ကျမက လက်ဆုပ်လက်ကိုင်မပြနိုင်ရင်မပြောဘူး၊ ဒီအကြောင်းပြောချင်လွန်းလို့ လေ့လာမှုတွေလုပ်ထားရတာ၊ စီးကရက်တလိပ်မှာ ကယ်လ်မီကယ်လ် ဓါတုပစ္စည်းပေါင်း ၄ဝဝဝ လောက်ပါတယ်တဲ့ ဥပမာပြောရရင် နီကိုတင်း လို့ခေါ်တဲ့ သေစေတဲ့ အဆိပ်တွေ၊ အာဆင်းနစ် လို့ခေါ်တဲ့ ကြွက်သတ်ဆေးမှာ သုံးတဲ့ အဆိပ်တွေ၊ အမိုးနီးယားလို့ခေါ်တဲ့ ကြမ်းတိုက်ဆေးရည်တွေမှာ ထည့်တဲ့ ဓါတုပစ္စည်းတွေပေါ့၊ ဒါသဘောလောက်ပဲရှိသေးတာနော် တခြားဆိုးဆိုးဝါးဝါးတွေ အများ ကြီးရှိသေးတယ်၊ ဆေးလိပ်သောက်လိုက်တဲ့အခါ အဲ့ဒီဓါတုပစ္စည်းတွေဟာ အဆုတ်ကနေတဆင့် သွေးထဲကိုရောက်သွားတာ ပြီးရင် ခနာကိုယ်အနံှ့ကိုရောက်သွားရောနောက်ပြီး ဆေးလိပ်သောက်တဲ့ လူငယ်တွေရဲ့ အဆုတ်ဟာ ဆေးလိပ်မသောက်တဲ့ လူငယ်တွေရဲ့ အဆုတ်ထက်ပိုသေးသွားတယ်တဲ့၊ နှလုံးအားနည်းတာလဲ ပိုပြီးဖြစ်တယ်တဲ့၊ အဆုတ်ကင်ဆာဖြစ်တတ်တယ်ဆိုတာတော့ သိမှာပေါ့၊ နောက် ဆေးလိပ်သောက်ရင် ကိုယ့် ခနာကိုယ်ထဲက ဟိုမိုးဓါတ်လဲ ကျသွားတယ်တဲ့

နန္ဒာ။ ။ ကဲကြားပြီလားကိုကျော်ကျော်သိန်း၊ မညို လိုက်စပ်စု အဲလေ လိုက်လေ့လာထားတာ၊ ဆေးလိပ်သောက်တဲ့သူနဲ့ မသောက်တဲ့သူဘယ်လောက် ကွာခြားတယ်ဆိုတာ

ကျော်။ ။ အေးပါဗျာအေးပါ၊ လက်ဆုတ်လက်ကိုင်နဲ့လည်းဖြစ် နှစ်ယောက်တယောက်လည်း ဖြစ် နေတော့ မငြင်းတော့ပါဘူး၊

ညို။ ။ ဟော ဟိုမှာ ကိုအောင်လွင်ဦးတို့ ကိုဇော်ဝင်းလှိုင်တို့ ပြန်လာပြီး အတော်ပဲ သူတို့ကိုပါ နားထောင်ခိုင်းပြီး ပြောပြရအုံးမယ်ရအုံးမယ်၊

ကျော်။ ။ အလုပ်တွေ မပြီးလို့အိမ်ပြန်နောက်ကျနေအုံးမယ်လေ

ညို။ ။ အော် ဒီလောက်အချိန်လေးတော့ ရပါတယ်၊ ကျမက ဆေးလိပ်သောက်တဲ့သူတွေနဲ့ မသောက်တဲ့သူတွေရဲ့ မတူတာလေးတွေကို ပြောပြ ချင်လို့ပါရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG