သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆားဘီးယားအုပ်ချုပ်မှုအောက်တွင် ဆက်နေချင်သူများရှိသည့် ကိုဆိုဗိုဒေသများကို ဆားဘီးယား ဆက်လက်အုပ်ချုပ်မည်


ဆားဘီးယား စီရင်ပိုင်နက်ထဲမှာပဲ ဆက်
နေချင်တဲ့ နိုင်ငံသားတွေနေထိုင်ရာ
ကိုဆိုဗိုရဲ့ တစိတ်တပိုင်းကို ဆားဘီးယား
က ဆက်ပြီးအုပ်ချုပ်သွားမယ်လို့ ဆားဘီး
ယားဝန်ကြီးချုပ် ဗိုဂျီဆလပ်ဗ် ကော့စ်တူ
နီကာ (Vojislav Kostunica) က ပြော
လိုက်ပါတယ်။

ကိုဆိုဗိုမှာရှိနေကြတဲ့ သူ့အခေါ် သစ္စာရှိ
တဲ့ နိုင်ငံသားတွေအတွက် ဆားဘီးယားရဲ့ အုပ်ချုပ်မှုထူထောင်ရေး ဘာမဆိုလုပ်
ဆောင်သွားမယ်လို့ မစ္စတာ ကော့စ်တူနီကာက တနင်္လာနေ့မှာ ပြောခဲ့တာပါ။
အဲဒီလူတွေဟာ တိုင်းရင်းသား ဆာ့ဘ်လူမျိုးတွေနဲ့ အယ်လ်ဘေးနီးယားမဟုတ်
တဲ့ လူမျိုးတွေဖြစ်တယ်လို့ သူက တိတိကျကျ ပြောခဲ့ပါတယ်။

ကိုဆိုဗိုကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ဆုံးဖြတ်ချက်ကို မပြင်မချင်း
ဆားဘီးယားက အဲဒီနိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်မှာမဟုတ်ဘူးလို့
ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ ကိုဆိုဗိုဟာ ဆားဘီးယားရဲ့ အစိတ်အပိုင်း ဘယ်တော့မှပြန်ဖြစ်မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေး
ဆိုခွင့်ရှိသူ တွမ်ကေစီ (Tom Casey) က ပြောပါတယ်။

ကိုဆိုဗိုအရေးကိစ္စနဲ့ပတ်သက်ပြီး ဆားဘီးယားနဲ့ရော ရုရှားနဲ့ပါ အမေရိကန်
ပြည်ထောင်စုက ဆက်ပြီး ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG