သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဆန္ဒခံယူပွဲ ဥပဒေပြဌာန်း


မြန်မာစစ်အစိုးရက ဦးစီးပြီး ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် ဥပဒေ အမှတ် ၁/၂၀၀၈ကို မနေ့က ထုတ်ပြန်လိုက်ပြီးအဖွဲ့ဝင် (၄၅)ဦးပါတဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်တရပ်ကိုလည်း ဖွဲ့စည်းလိုက်တဲ့ အကြောင်း မြန်မာ စစ်အစိုးရရဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဆန္ဒခံယူပွဲကို မေလမှာ ကျင်းပပြီး ဘယ်နေ့ ကျင်းပမလဲဆိုတာကို ကျင်းပရေး ကော်မရှင်က သုံးပတ် အကြိုမှာ ကြေညာမယ်လို့ ဆိုပါတယ်။ ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌကတော့ နိုင်ငံတော် တရားသူကြီးချုပ်ဖြစ်တဲ့ ဦးအောင်တိုးပါ။ သူကပဲ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေးမှာ ဦးဆောင်ခဲ့တဲ့ သူတဦးလည်း ဖြစ်ပါတယ်။

၁/၂၀၀၈ ဆန္ဒခံယူပွဲ ဆိုင်ရာ ဥပဒေတွေကို မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ တားမြစ်ချက်နဲ့ ပြစ်ဒဏ်တွေကိုလည်း ထည့်သွင်း ရေးဆွဲထားပါတယ်။ မဲရုံနဲ့ မဲရုံတဝိုက်မှာပဲဖြစ်ဖြစ်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာမှာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင်နေရာမှာပဲဖြစ်ဖြစ် ဟောပြောခြင်း၊ စာရွက်စာတမ်းများ ကမ်းလှမ်းခြင်း၊ ပိုစတာများ အသုံးပြုခြင်း၊ ဒါမှမဟုတ် မဲပေးတာကို တခြားတနည်းနည်းနဲ့ နှောက်ယှက်မယ်ဆိုတာတွေ လုပ်လာ မယ်ဆိုရင်ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေကျပ်တစ်သိန်းဖြစ်စေ၊ နှစ်ခုစလုံးကို ဖြစ်စေ ကျခံ စေရ မယ်လို့ ပါဝင်ရေးဆွဲထားပါတယ်။

ရေးဆွဲထားတဲ့ ဥပဒေ မူကြမ်းဟာ အမျိုးသားညီလာခ ံကျင်းပပြီး ၁၄နှစ်ကြာ လုပ်လာပြီးမှ ထွက်ပေါ်လာတဲ့ ဥပဒေမူကြမ်းလဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG