သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ အင်ဒိုနီးရှားလိုလား


မြန်မာနိုင်ငံရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တာကို သူတို့လိုလားတယ်ဆိုတာကို အင်ဒိုနီးရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ဟတ်ဆင် ဝီဒါယုဒက အခု အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျကာတာ မြို့တော်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြခြင်းဖြစ်ပါတယ်။

မေလမှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပဖို့နဲ့ ၂၀၁၀ခုနှစ်မှာ ရွေးကောက်ပွဲဖို့ မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ကြေညာချက်ကို ဝန်ကြီး ဝီဒါယုဒက ဆီးကြိုလိုက်ပါတယ်။ သူမရဲ့ သားများနဲ့ သူမရဲ့ ကွယ်လွန်သူ ခင်ပွန်းဟာ ဗြိတိသျှ နိုင်ငံသားများ ဖြစ်ကြတဲ့အတွက် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားခြင်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ အာစီယံ
အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေ တယ်လို့ ပြီးခဲ့တဲ့ သတင်းပတ်က ဂျကာတာမြို့တော်မှာ ရောက်ရှိနေစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG