သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တော်ပြန် ထိုင်းဝန်ကြီးချုပ် သက်ဆင် အလွဲသုံးစားမှု ရင်ဆိုင်


စစ်တပ်က အာဏာသိမ်းပြီး ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်ဟာ ပြည်ပမှာ ၁၇လကြာ နေထိုင်ခဲ့ရပြီးတဲ့နောက် အခု ထိုင်းနိုင်ငံကို ဒီကနေ ပြန်ရောက်ရှိလာပါတယ်။ သူဟာ သူ့အပေါ် စွဲချက်တင်ထားတဲ့ အဂတိလိုက်စားမှုစွဲချက်တွေကို ရင်ဆိုင်ရဖို့လည်း ရှိပါတယ်။

ပြည်ပမှာ တိမ်းရှောင်နေခဲ့တဲ့ မစ္စတာသက်ဆင် ဒီကနေ ထိုင်းနိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်တဲ့အချိန်မှာ ထောင်နဲ့ချီတဲ့ သူ့ကို လိုလားထောက်ခံသူတွေက ကြိုဆိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံကို ရောက်ရောက်ချင်းပဲ မစ္စတာ သက်ဆင်ဟာ စိတ်လှုပ်ရှားစွာနဲ့ ထိုင်း မြေပြင်ကို ဒူးထောက်ဦးညွတ်ပြီး ရှိခိုးခဲ့ပါတယ်။

ထိုင်းကိုရောက်ရောက်ချင်းမှာပဲ သူ့အပေါ် စွဲချက်တင်ထားတဲ့အမှုတွေနဲ့ဆက်နွယ်ပြီး ထိုင်းရဲတပ်ဖွဲ့ကို သူ့ကို ဖမ်းဆီးပါတယ်။ ဒီနောက် သူ့ကို တရားရုံးချုပ်ကို ခေါ်သွားပြီး အဲဒီမှာတော့ ဒေါ်လာ နှစ်သိန်းကျော် အာမခံပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် သူကို တိုင်းပြည် ပြည်ပကို ထွက်ခွာခွင့် ပိတ်ပင်ထားပါတယ်။

မစ္စတာ သက်ဆင်ကတော့ သူ့အနေနဲ့ နိုင်ငံရေးပြန်မလုပ်တော့ဘူးလို့ ပြောနေပါတယ်။ ဒါပေမယ့် အချိန်ကြာလာရင်တော့ သူတဖြည်းဖြည်းနဲ့ နိုင်ငံရေးထဲ ပတ်သက်လာလိမ့်မယ်လို့ လေ့လာသူအချို့က သုံးသပ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG