သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထ်ရဲ့ ထိုင်းနိုင်ငံပြန်ခရီး


ပြည်ပမှာ ၁၇ လကြာ နေခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထ် ထိုင်းနိုင်ငံမြေကို ခြေချလိုက်တယ်ဆိုရင်ပဲ ထိုင်းနိုင်ငံမြေကို ဒူးထောက်ပြီး ထိုင်ကန့်တော့ရင်း နုတ်ဆက်လိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံခဲ့ရပြီးတဲ့ ထိုင်း
ဝန်ကြီးချုပ်ဟောင်း သက်ဆင် အနေနဲ့ လဘ်စားမှု အဂတိလိုက်စားမှု စွဲချက်တင်ထားတာတွေကို ရင်ဆိုင်ရဘို့ ရှိပါတယ်။ သူ ထိုင်းနိုင်ငံကို ရောက်လာတယ်ဆိုရင်ပဲ သူ့ကို ထောက်ခံသူတွေက လေဆိပ်မှာ စောင့်ဆိုင်းပြီး ကြိုဆိုခဲ့ကြပါတယ်။ မစ္စတာ သက်ဆင်ကို ချစ်ခင်လေးစားပါတယ်။ ကြိုဆိုပါတယ်ဆိုတဲ့ ပိုစတာတွေကို ကိုင်ခဲ့ကြပါတယ်။ မစ္စတာ သက်ဆင် ထိုင်းနိုင်ငံကို ရောက်ရောက်ခြင်းပဲ ထိုင်းရဲတွေက သူ့အပေါ် စွဲချက်တင်ထားတဲ့အမှုတွေနဲ့ဆက်နွယ်ပြီး ထိုင်းရဲတပ်ဖွဲ့က သူ့ကို ယာယီ ဖမ်းဆီးပါတယ်။ နောက် တရားရုံးချုပ်ကို ခေါ်သွားပြီး ထိုင်းဘန်ငွေ တစ်သန်း၊ ဒေါ်လာ သုံးသိန်းသုံးသောင်းကျော်နဲ့ အာမခံပြီး ပြန်လွှတ်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG