သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အင်ဒိုနီးရှားကို နမူနာယူသင့်၊ မစ္စတာဂမ်ဘာရီ အကြံပြု


မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလမှာ အင်ဒိုနီးရှားနိုင်ငံဆီက အတုယူစရာတွေ အများကြီးရှိတဲ့အကြောင်း ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ
အီဘရာဟင်မ် ဂမ်ဘာရီ (Mr Ibrahim
Gambari) က ပြောဆိုပါတယ်။ စစ်အုပ်ချုပ်
ရေးအာဏာကို စွန့်လွှတ်လိုက်ပေမယ့် စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေး
မှာ အနာဂတ်ရှိတဲ့အကြောင်း အင်ဒိုနီးရှားကို အတုယူသင့်တယ်ဆိုပြီး ဂျပန်နိုင်ငံကို
ရောက်တဲ့အချိန်မှာ မစ္စတာဂမ်ဘာရီက
အခုလို ပြောဆိုလိုက်တာပါ။ အသေးစိတ်ကို
မညိုညိုလွင်က ဆက်ပြီးတင်ပြပေးပါမယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ
ဟာ ယမန်နေ့ ကြာသပတေးနေ့က မြန်မာ့အရေးနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံကို ရောက်
ရှိခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံက လတ်တလောကြေညာခဲ့တဲ့ ဒီမိုကရေစီ
ရွေးကောက်ပွဲ အစီအစဉ်တွေနဲ့ ပတ်သက်လို့ အကောင်းဘက်က မြင်တွေ့လိုပါတယ်လို့ ဂျပန်အာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မာဆာဟီကို ကိုမူရာ (Masahiko Komura) နဲ့
တိုကျိုမြို့မှာ တွေ့ဆုံအပြီး မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေမှာ
အင်ဒိုနီးရှားရဲ့ အဓိက ပံ့ပိုးကူညီမှုအခန်းကဏ္ဍကို အလေးထားပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အသွင်ကူးပြောင်းရေးကာလတခုကို ဖြတ်သန်းရမယ့် အနေအထားမျိုးမို့ အင်ဒိုနီးရှားရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်လို့ ကျနော်မြင်တာပါ။ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့အတွေ့အကြုံတွေ ပြောပြ
နိုင်အောင် ကျနော် တိုက်တွန်းပါတယ်။ သူတို့မှာ အတွေ့အကြုံတွေရှိတယ်။ သမ္မတ
ယူဒါဟိုယိုနို (Yudhoyono) အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောပြနိုင်ပါတယ်။ စစ်အုပ်ချုပ်ရေးပြီးသွားတဲ့အခါ ရပ်တည်နေထိုင်နိုင်တဲ့ ဘဝတွေရှိတယ်၊ အသွင်ကူး
ပြောင်းတဲ့ အကျိုးကျေးဇူးတွေရှိတယ်။ ဒီလိုပြောဆိုနိုင်တာတွေ၊ ပြောပြနိုင်မှာတွေကို
ကျနော်က မျှော်လင့်တာပါ။ ဒါဟာ အနာဂတ်အတွက် လမ်းတခု ဖြစ်နိုင်ပါလိမ့်မယ်။”

မစ္စတာဂမ်ဘာရီဟာ ပြီးခဲ့တဲ့တပတ်က အင်ဒိုနီးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ အာရှနိုင်ငံများခရီးစဉ်ဟာ ဒေသဆိုင်ရာခေါင်းဆောင်တွေ
ကို မြန်မာနိုင်ငံအပြောင်းအလဲအတွက် ဖိအားပေးနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ လာမယ့်မေလရွေးကောက်ပွဲမှာ လွတ်လပ်မှုရှိဖို့အတွက် အခြေခံဥပဒေမူကြမ်းကို ပြန်လည်သုံးသပ်ဖို့အတွက်ကိုလည်း မစ္စတာဂမ်ဘာရီက
ယမန်နေ့က မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့လည်း ဆိုပါ
တယ်။ သူ့အနေနဲ့ မတ်လပထမပတ်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့
ပြောဆိုခဲ့ပေမယ့် သွားရောက်မယ့် ရက်အတိအကျကိုတော့ အတိအကျ မသိသေးဘူး
လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG