သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု မြန်မာဒုတိယလိုက်နေဆဲ


မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအကြီးမားဆုံးနိုင်ငံ ဖြစ်နေဆဲပဲလို့ အမေရီကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့၂၀၀၇ခုနှစ်အတွက် နိုင်ငံ တကာမူးယစ်ဆေးဝါး ထိမ်းချုပ်ရေးမဟာဗျူဟာ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

၁၉၈၈ခုနှစ်တုံးက ကမ္ဘာ့ဘိန်းထုတ်လုပ်မှုရဲ့ ၅၅ရာခိုင်နှုန်းရှိခဲ့တဲ့မြန်မာ နိုင်ငံဟာ ၂၀၀၆ခုနှစ်မှာ ၅ရာခိုင်နှုန်းပဲရှိတော့တဲ့အထိ လျှော့ကျသွားခဲ့ပေမဲ့ လည်း၂၀၀၇ခုနှစ်မှာတော့ ပိုပြီးဘိန်းထုတ်လုပ်မှုတိုးများလာပြန်တယ်လို့ မနေ့က ထုတ်ပြန်လိုက်တဲ့ အဲဒီအစီရင်ခံစာမှာဆိုထားပါတယ်။

ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ဆောင်ဖို့ကို မြန်မာစစ်စိုးရကပျက်ကွက်ခဲ့ တယ်၊ တချို့ဘိန်းစိုက်ပျိုးသူတွေကလည်း ကမ္ဘာမှာဘိန်းဈေးတက်နေတဲ့အတွက် အစားထိုးသီးနှံစိုက်ပျိုးလိုခြင်းမရှိဘူးဖြစ်နေတယ်၊

တခါ ဘိန်းစိုက်ပျိုးမှုသိသိသာ သာလျှော့ကျသွားပေမယ့်လည်း ဓါတုဗေဒ ပစ္စည်းတွေနဲ့ထုတ်လုပ်တဲ့ တဆင့် ပြောင်းမူးယစ်ဆေးတွေကိုတော့ ထုတ်လုပ်တာသိပ်များနေပြီးရွှေတြိဂံ နယ်မြေ ဟာအေးအေးဆေးဆေး အဲဒီမူးယစ်ဆေးတွေထုတ်လို့ရတဲ့ ရေခဲတြိဂံ (Ice Triangle) ဆိုတဲ့နာမည်သစ်ရရှိနေတယ်လို့ အမေရီကန်နိုင်ငံခြားရေးဝန် ကြီးဌာနအစီရင်ခံစာမှာရေးသားထားပါတယ်။

XS
SM
MD
LG