သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရွေးကောက်ပွဲ ပူတင်နှင့် မက်ဒ်ဗဲဒဗ်တို့ အောင်ပွဲခံနှင့်ပြီ


အတိုက်အခံတွေက မဲလိမ်မှုတွေ ရှိတယ်လို့ ပြောဆိုနေတဲ့ ကြားကပဲ ရုရှားနိုင်ငံရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Vladimir Putin က သူ့အရိုက်အရာကို ဆက်ခံဖို့ ရွေးချယ်ထားတဲ့ Dmitri Medvedev ဟာ ရွေးကောက်ပွဲမှာ အလွယ်တကူ အနိုင်ရသွားပြီဖြစ်ပါတယ်။

မဲစုစုပေါင်း ထက်ဝက်ကို ရေတွက်ပြီးတဲ့အချိန်မှာ မစ္စတာ မက်ဒ်ဗဲဒက်ဗ် က မဲအရေအတွက် ၆၆ ရာခိုင်နှုန်း ရရှိထားတယ်လို့ ဆိုပါတယ်။ ကွန်မြူနစ်ပါတီခေါင်းဆောင် Gennady Zyganov က ၁၉ ရာခိုင်နှုန်းနဲ့ ဒုတိယလိုက်နေပြီး အမျိုးသားရေးဝါဒီ Vladimir Zhirinovsky က ၁၁ ရာခိုင်နှုန်း အသီးသီး ရရှိထားပါတယ်။

အသက် ၄၂ နှစ်အရွယ် မစ္စတာ မက်ဒ်ဗဲဒက်ဗ် ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့အတွက် မော်စကိုမြို့က နှင်းတွေကျနေတဲ့ ရင်ပြင်နီမှာ မစ္စတာ ပူတင်နဲ့ မစ္စတာ မက်ဒ် ဗဲ ဒက်ဗ်တို့ ၂ ယောက်အတူတူ အောင်ပွဲခံခဲ့ကြပါတယ်။ သူအာဏာ လွဲပြောင်းယူပြီးတာနဲ့ မစ္စတာ ပူတင်ရဲ့ ပေါ်လစီတွေအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ မစ္စတာ မက်ဒ်ဗဲဒက်ဗ် က ပြောပါတယ်။

အတိုက်အခံခေါင်းဆောင် နှစ်ယောက်စလုံးက မဲလိမ်မှုတွေရှိတယ်လို့ ပြောဆိုနေပေမယ့် ဒီ ရွေးကောက်ပွဲကို ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင်းပခဲ့တာဖြစ်တယ်လို့ မစ္စတာ ပူတင် က ပြောပါတယ်။

XS
SM
MD
LG