သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယား အစီအစဉ် အိုင်အေအီးအေ စစ်ဆေးမည်


နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ
(အိုင်အေအီးအေ) က အီရန်နိုင်ငံကို နျူကလီး ယားကိစ္စနဲ့ပတ်သက်ပြီး ပွင့်လင်းဖို့၊ ထင်သာ မြင်သာဖြစ်အောင် လုပ်ဆောင်ဖို့ တိုက်တွန်း
ထားတဲ့ တချိန်တည်းမှာပဲ ဒီနိုင်ငံရဲ့ နျူကလီး
ယား စီမံကိန်းနဲ့ပတ်သက်တဲ့ အစီရင်ခံစာ
တစောင်ကိုလည်း စိစစ်မယ်လို့ အိုင်အေအီး
အေ အကြီးအကဲက ပြောပါတယ်။ သြစတြီး
ယားနိုင်ငံ ဗီယင်နာမြို့တော်မှာ ကျင်းပတဲ့
အိုင်အေအီးအေ အစည်းအဝေးမှာ တခြား ဘာတွေပြောသွားသေးလဲဆိုတာ ဗွီအိုအေ
သတင်းထောက် လီဆာ ဘရိုင်းယန့် (Lisa Bryant) သတင်းပေးပို့ထားတာကို
မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

အီရန်အစိုးရဟာ အနုမြူဗုံး ဘယ်လိုလုပ်သလဲဆိုတာ တိတ်တဆိတ်လေ့လာနေတဲ့
သဘောမျိုး ပြောထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဆက်ပြီးစမ်းစစ်သွားမယ်လို့
အိုင်အေအီးအေ အကြီးအကဲ မိုဟာမက် အယ်လ်ဘာရာဒေ (Mohammed ElBaradei)
က ဗီယင်နာမြို့တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောသွားပါတယ်။

သမားရိုးကျမဟုတ်တဲ့ လက်နက်ဆန်းတွေ တီထွင်နေမှုနဲ့ ပတ်သက်နိုင်တဲ့ စစ်ရေး
သုတေသနတခုကို အီရန်အစိုးရက စမ်းသပ်လုပ်ဆောင်နေတယ်ဆိုတဲ့ ထောက်လှမ်း
ရေးသတင်းတခု အရင်တပတ်ကပဲ ထွက်ပေါ်လာတာပါ။ အီရန်နိုင်ငံက အနုမြူဗုံး
တီထွင်မှာကို အနောက်နိုင်ငံအများအပြားက စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် အီရန်
အစိုးရကတော့ သူ့ရဲ့ နျူကလီးယားအစီအစဉ်ဟာ လုံးဝ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေ
နဲ့ ပြုလုပ်တာပါ၊ ဒီစွပ်စွဲချက်ဟာ မှားယွင်းပါတယ်လို့ ခိုင်ခိုင်မာမာ ပြောကြားနေပါ
တယ်။

မစ္စတာအယ်လ်ဘာရာဒေကတော့ အီရန်ဟာ နျူကလီးယားဆိုင်ရာ အရာဝတ္ထုတွေကို
ဥပဒေပြင်ပ သုံးစွဲနေပါတယ်လို့ ဒီနေ့အထိ လုံးဝ မပြောသေးသလို အီရန်အစိုးရရဲ့ ပိုပြီး ပွင့်လင်းလာတဲ့ ဆောင်ရွက်ချက်တွေကို ချီးကျူးစကား ပြောကြားပါတယ်။ ဒါပေမယ့် မေးခွန်းထုတ်စရာတွေတော့ ရှိသေးတယ်လို့ မစ္စတာအယ်လ်ဘာရာဒေက ပြောပါ
တယ်။

“အများက ၀ိုင်းပူပန်နေတဲ့ကိစ္စကို ရှင်းလင်းသွားအောင် ဆောင်ရွက်ရေးမှာ အိုင်အေ အီးအေနဲ့လက်တွဲပြီး အတတ်နိုင်ဆုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဖို့ အီရန်အစိုးရကို တိုက်တွန်းထားပါတယ်။ အီရန်နိုင်ငံရဲ့ အရင်ကလုပ်ခဲ့သမျှ နျူကလီးယားဆိုင်ရာ
လုပ်ငန်းတွေရဲ့ သဘောသဘာဝနဲ့ အတိုင်းအဆကို အကဲဖြတ်ဖို့ အိုင်အေအီးအေမှာ
တာဝန်ရှိပါတယ်။”

အီရန်အစိုးရကို သူ့ရဲ့ နျူကလီးယားအစီအစဉ်ကြောင့် ပိတ်ဆို့အရေးယူမှု ရှေ့ဆက်
လုပ်ဆောင်ဖို့ ခွင့်ပြုချက်ကျလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီဟာ အီရန်အကြောင်းဆွေးနွေးဖို့ အစည်းအဝေးမကျင်းပမီ နာရီပိုင်းမှာတင် အနုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) အုပ်ချုပ်ရေး ဘုတ်အဖွဲ့ရဲ့ ငါးရက်တာ
အစည်းအဝေးပွဲကို စတင်ခဲ့ပါတယ်။

XS
SM
MD
LG