သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အီရန်အထောက်ပံံ့ခံ အစွန်းရောက်ဝါဒီများ အီရတ်လုံခြုံရေးကို ခြိမ်းခြောက်”- အမေရိကန်တပ်မှူး


အီရတ်မှာရှိတဲ့ အကြမ်းဖက် အစွန်းရောက်
သမားတွေကို အီရန်က ထောက်ခံအားပေး
နေခြင်းဟာ အီရတ်ရဲ့တည်ငြိမ်ရေးအတွက် အဓိကပြဿနာတရပ် ဖြစ်နေတယ်လို့ အမေရိကန်စစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး
ရေမွန် အိုဒီနိုး (Raymond Odierno) က
အင်္ဂါနေ့က ပြောကြားပါတယ်။

အီရန်က ထောက်ခံအားပေးတဲ့ ရှီယိုက်
စစ်သွေးကြွတွေဟာ အီရတ်အတွက် ရေရှည် အန္တရာယ်ဖြစ်ပြီး အမြဲမပြတ် စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အိုဒီနိုး က ပြောပါတယ်။

အိုဒီနိုးဟာ အီရတ်မှာရှိတဲ့ အမေရိကန်တပ်များရဲ့ ဒုတိယတပ်မှူးကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူတဦးဖြစ်ပြီး အီရတ်မှာ ၁၅ လကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အခု ဝါရှင်တန် ကို ပြန်လည်ရောက်ရှိစဉ် ပြောကြားခြင်းဖြစ်ပါတယ်။

အီရန်က အီရတ်ကို စစ်သွေးကြွတွေကို ထောက်ခံအားပေးခြင်းမပြုဖို့ဆိုပြီး ငြင်းပယ်
ထားပါတယ်။

XS
SM
MD
LG