ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်လ်က မြန်မာနိုင်ငံမှာ လူသားများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ချိုးဖောက်တယ်ဆိုပြီး မြန်မာဒုက္ခသည်တွေက ဥပဒေကြောင်းအရ တိုင်တန်း လျှောက်ထားလာတဲ့ အမှုကို သူတို့ ဆက်ပြီး မကြားနာတော့ဘူးလို့ ဘယ်လ်ဂျီယံ အာဏာပိုင်တွေက ပြောကြားပါတယ်။
မြန်မာနိုင်ငံအတွင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေးအတွက် တိုတယ်လ် ကုမ္ပဏီဟာ အတင်းအဓမ္မ အလုပ်စေခိုင်းမှုတွေကို ပြုလုပ်ခဲ့တယ်ဆိုပြီး တရားလိုများက တရားစွဲဆိုတဲ့အမှု ဖြစ်ပါတယ်။
တိုတယ်လ် ကုမ္ပဏီကို မြန်မာဒုက္ခသည်လေးဦးက ၂၀၀၂ ခုက စတင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက် ဒုက္ခသည်တွေဟာ ဘယ်လ်ဂျီယံနိုင်ငံသားတွေလိုပဲ အထူး လူ့အခွင့်အရေး ဥပဒေအရ လျှောက်ထားခွင့် ရှိမရှိဆိုတာကို ဘယ်လ်ဂျီယံ တရားရုံးတွေက စဉ်းစား စီစစ်ခဲ့ပါတယ်။
တရားးလိုပြရှေ့နေ Alexis Deswaef က သူ့အမှုသည်တွေမှာ အမှုပြန်ဖွင့်ဖို့အတွက် နောက်ဆုံးအယူခံ ဝင်နိုင်တဲ့ အခွင့်အရေးရှိကြောင်း၊ ဒါပေမယ့် အဲဒီလို ဆက်လက် ဆောင်ရွက်ဖို့ သူတို့အနေနဲ့ နှစ်ကြိမ်ပြန်ပြီး စဉ်းစားသင့်ကြောင်းဖြင့် ပြောကြားတယ်လို့ ပြင်သစ် သတင်းအေဂျင်စီ အေဖက်ပီက ပြောကြားပါတယ်။