သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေကို အိုင်အာရ်အိုင် အဖွဲ့ကြီးက ဂုဏ်ပြု


မြန်မာ့အရေးလှုပ်ရှားသူ မြန်မာအမျိုးသမီး
တချို့ကို အမေရိကန်ပြည်ထောင်စု
International Republican Institute (IRI)
ရဲ့ အမျိုးသမီးများ ဒီမိုကရေစီကွန်ယက်က ဂုဏ်ပြုဆုချီးမြှင့်ပွဲကို အမေရိကန်
ပြည်ထောင်စု အရှေ့ပိုင်းစံတော်ချိန် ညနေ ၆ နာရီတိတိမှာ စတင်ကျင်းပနေပါတယ်။
ဆုရရှိသူ မြန်မာအမျိုးသမီးတွေကတော့ ရှမ်းအမျိုးသမီးများလှုပ်ရှားမှု ကွန်ယက်အဖွဲ့
ဝင် နန်းချမ်တောင်းနဲ့ မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (WLB) ရဲ့ အထွေထွေအတွင်း
ရေးမှူး မနန်းယဉ်တို့ပဲ ဖြစ်ပါတယ်။ ဂုဏ်ပြုပွဲအခမ်းအနား မစတင်မီ ဗွီအိုအေ၀ိုင်းတော်
သား ဦးကျော်ဇံသာက မနန်းယဉ်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ မနန်းယဉ်က အခုလို ရှင်းပြခဲ့ပါတယ်။

“ကျမတို့ အမျိုးသမီးအဖွဲ့အပါအ၀င် မြန်မာပြည်ထဲမှာ လှုပ်ရှားနေတဲ့ လူ့အခွင့်အရေး ကာကွယ်နေကြတဲ့ အမျိုးသမီးတွေရှိတယ်။ မနီလာသိန်း၊ မမီးမီးတို့အပါအ၀င် ဒီအမျိုး
သမီးတွေကို အသိအမှတ်ပြုပြီး ဆုပေးတယ်လို့ ကျမတို့ယူဆတယ်။ တပြိုင်နက်တည်း
မှာပဲ ဒီဆုတွေကို အသိအမှတ်ပြုပြီး ပေးခြင်းအားဖြင့် ကျမတို့လှုပ်ရှားနေတဲ့ အမျိုးသမီး
တွေအတွက် မပြီးသေးတဲ့ တော်လှန်ရေးအတွက် ဆက်ပြီးလုပ်ဖို့ တွန်းအားပေးတယ်လို့ ကျမတို့အနေနဲ့ အဲဒီလိုပဲ ခံစားရပါတယ်။”

အခု မနန်းယဉ်တို့အဖွဲ့ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေဟာ ဘယ်လိုအကျိုးသက်ရောက်မှု
တွေ ဖြစ်ပေါ်စေခဲ့ပြီလို့ မနန်းယဉ်ပြောနိုင်ပါသလား။

“ကျမတို့ လှုပ်ရှားခဲ့တာဆိုရင် အမျိုးသမီးတွေကြားထဲမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်
အရေးနဲ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို Grass
Roots တွေထဲမှာ၊ ကျမတို့နဲ့ ဆက်နွယ်နေတဲ့ အ၀န်းအ၀ိုင်းတွေကြားထဲမှာ ကျမတို့ ပေးနိုင်ခဲ့တာတွေရှိတယ်။ တပြိုင်နက်တည်းမှာလည်း နိုင်ငံတကာမှာရှိတဲ့ ကွန်မြူနတီ
ထဲမှာလည်း ကျမတို့အနေနဲ့ မြန်မာပြည်ထဲမှာရှိတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ
ခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို သိလာအောင် လှုပ်ရှားနိုင်ခဲ့တာ
တွေ ရှိပါတယ်။

“တပြိုင်နက်တည်းမှာလည်း ကျမတို့ရဲ့ ကွန်မြူနတီထဲမှာ အကြမ်းဖက်မှုတွေ ရှိနေတဲ့
ဟာကို အမျိုးသမီးတွေနဲ့ အမျိုးသားတွေကြားမှာ အကြမ်းဖက်မှုတွေ ပပျောက်အောင်
အားလုံးမှာတာဝန်ရှိတယ်ဆိုတာမျိုးကို ကျမတို့ တစုံတရာ awareness ဖြစ်အောင် လုပ်ပေးနိုင်ခဲ့တာတွေ ရှိပါတယ်။ အကုန်လုံးကြီးကို ပြောင်းလဲသွားပြီ၊ အောင်မြင်သွား
ပြီလို့ ပြောလို့မရပေမယ့် တစုံတရာ ကျမတို့လှုပ်ရှားမှုတွေက တိုးတက်မှုတွေရှိလာ
တယ်လို့ ကျမတို့အနေနဲ့ မြင်ပါတယ်။”

နိုင်ငံရေးအပြင် အခု မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ပြဿနာတခုက အမျိုးသမီး
တွေ ရောင်းစားခံနေရတဲ့ လူကုန်ကူးမှုကိစ္စ ဖြစ်ပါတယ်။ WLB အနေနဲ့ ဒီကိစ္စမှာ
ဘယ်လောက်များ ပါဝင်ဆောင်ရွက်နိုင်ခြင်း ရှိပါသလဲ။

“လူကုန်ကူးမှုအပါအ၀င် ကျမတို့ အမျိုးသမီးတွေရဲ့ ခံစားမှုတွေက အများကြီးပါ၊ နေရာ
တိုင်းမှာပဲ။ ဆိုတော့ ဒီအပေါ်မှာ ကျမတို့ ဘယ်လောက်လုပ်နိုင်လဲဆိုတာ ဒါက အခြေခံ အရင်းအမြစ်တွေရှိပါတယ်။ အခြေခံအရင်းအမြစ်ကို ကျမတို့က မဖြေရှင်းနိုင်ဘူးဆိုရင် ဒီတခုတည်းကိုလုပ်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီအခြေခံအရင်းအမြစ်
ဖြစ်တဲ့ မြန်မာနိုင်ငံထဲမှာ စစ်အာဏာရှင်စနစ်က အပြောင်းအလဲဖြစ်ပြီး နိုင်ငံရေး အပြောင်းအလဲတွေဖြစ်လို့ တွေ့ဆုံဆွေးနွေးရေးတွေ စနိုင်မှသာလျှင်၊ စပြီး အပြောင်း
အလဲတခု လုပ်ပေးနိုင်မှသာလျှင် ဒီဟာတွေက ပျောက်ကွယ်သွားနိုင်မယ်လို့ ကျမတို့
အနေနဲ့ ယူဆပါတယ်။”
WLB အထွေထွေအတွင်းရေးမှူး မနန်းယဉ်ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းခဲ့တာ
ဖြစ်ပါတယ်။

နန်းချမ်တောင်းတို့ရဲ့ ရှမ်းအမျိုးသမီးအဖွဲ့နဲ့ မနန်းယဉ်တို့ရဲ့ မြန်မာအမျိုးသမီးအဖွဲ့ချုပ်
တို့ဟာ မြန်မာအမျိုးသမီးများရဲ့ အခွင့်အရေး၊ အဆင့်အတန်း တိုးတက်မြင့်မားရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့် ရရှိရေးအတွက် ဆောင်ရွက်
နေကြတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

ဒီမြန်မာအမျိုးသမီးအဖွဲ့တွေနဲ့အတူ နောက်ထပ် ဂုဏ်ပြုဆုချီးမြှင့်ခံရသူ အမျိုးသမီး တယောက်ကတော့ အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီနဲ့ ကမ္ဘာ့ရေးရာ
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပေါ်လာ ဒေါ့ဘရင်စကီး (Paula Dobriansky)
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG