သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာရဲ့ လူသားချင်းစာနာမှု အကျပ်အတည်း နှစ် ၄၀ အတွင်း အဆိုးဆုံး


ဂါဇာကမ်းမြောင်ဒေသမှာ ကြုံနေရတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ
လိုအပ်တဲ့ အကျပ်အတည်းတွေဟာ နှစ်ပေါင်း
၄၀ အတွင်း အဆိုးဝါးဆုံး အခြေအနေကို
ရောက်နေပြီလို့ ဗြိတိန်နိုင်ငံက အကူအညီ ပေးရေးအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။
ဒီလို အကျပ်အတည်းတွေနဲ့ ပတ်သက်လို့
အစ္စရေးရဲ့ နယ်ခြားကို ထိန်းချုပ်မှုတွေကြောင့်
ဆိုပြီး အကူအညီပေးရေးအဖွဲ့တွေရဲ့ အစီရင်ခံ
စာက အပြစ်ဖို့ထားပါတယ်။ ဒါပေမယ့်လည်း အစ္စရေးအာဏာပိုင်တွေကတော့ ဟားမတ်စ် စစ်သွေးကြွတွေကို အပြစ်ဖို့သင့်တယ်လို့
ပြောနေပါတယ်။ ဗွီအိုအေသတင်းထောက် ဂျင်မ် တီပဲလ် (Jim Teeple) သတင်းပေးပို့
ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

နှစ် ၄၀ အတွင်း လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေ အဆိုးဆုံး
အနေအထားကို ရောက်နေပြီဆိုပြီး ဗြိတိန် အကူအညီပေးရေးအဖွဲ့ ၈ ဖွဲ့က ပြောဆို
လိုက်တာပါ။ တကယ်လို့ အစ္စရေးဘက်က နယ်မြေကန့်သတ်ပိတ်ပင်ထားတာတွေ လျှော့မပေးဘူးဆိုရင် အခြေအနေဟာ ဒီထက်ပိုပြီး ဆိုးဝါးလာနိုင်တယ်လို့လည်း
ပြောပါတယ်။

အစီရင်ခံစာမှာ ဖော်ပြထားချက်အရ ဂါဇာကမ်းမြောင်မှာနေတဲ့ လူဦးရေရဲ့ ၈၀ ရာခိုင်
နှုန်း၊ လူပေါင်းတသန်းကျော်ဟာ အကူအညီပေးရေးအဖွဲ့တွေကပေးတဲ့ အစား
အသောက်ကိုပဲ မှီခိုရပ်တည်နေရတယ်လို့ ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသရဲ့
လျှပ်စစ်မီးတွေ၊ ရေနဲ့ မိလ္လာစွန့်တဲ့စနစ်တွေ အားလုံးပျက်ဆီးသွားတယ်လို့ ပြောပါ
တယ်။

ဂျေရုဆလင် အောက်စ်ဖန် (OXFAM) အကူအညီပေးရေးရုံးက မိုက်ကယ် ဘေလီ
(Michael Bailey) က ဂါဇာမှာ နေထိုင်ရပ်တည်ရတဲ့ အခြေအနေတွေဟာ နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတဲ့ အနေအထားလို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟားမတ်စ်အဖွဲ့
တွေကို ဂါဇာကို ထိန်းချုပ်လိုက်ပြီး အစ္စရေးက နယ်ခြားကို ပိတ်လိုက်တဲ့အချိန်ကစလို့
အခြေအနေက ပိုပြီး ဆိုးဝါးသွားခဲ့တယ်လို့ ပြောပါတယ်။

“လေးပတ်အတွင်း အလုပ်လက်မဲ့ဖြစ်သွားတဲ့သူ ခြောက်သောင်းခွဲရှိပါတယ်။ ကုန်ထုတ်
စက်ရုံတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို လုံးဝပိတ်လိုက်ရတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ
မှာ အလုပ်လုပ်ကိုင်နေတဲ့ လူလေးသောင်းလောက်ကလည်း သူတို့ ဆက်ပြီး အလုပ်
လုပ်နိုင်ဖို့ တော်တော်လေး ခက်ခက်ခဲခဲ ရပ်တည်နေရပါတယ်။ ဂါဇာမှာ မိသားစု
ဆယ်ခုရှိရင် ရှစ်ခုက အကူအညီပေးရေးအဖွဲ့တွေကပေးတဲ့ အစားအစာကို မှီခိုနေရပါ
တယ်။”

ဂါဇာမှာရှိတဲ့ လူသုံးသိန်းလောက်ဟာ ပုံမှန် ရေမရတဲ့အပြင် အမှိုက်နဲ့ အညစ်အကြေး တန်ခြောက်ဆယ်လောက်ကို နေ့စဉ် ပင်လယ်ထဲကို ပစ်နေရတယ်လို့ မိုက်ကယ်
ဘေလီက ပြောပါတယ်။ ကျောင်းတွေ အများအပြား လျှပ်စစ်မီး မရတော့ပါဘူး။ ဒီလို အခြေအနေတွေနဲ့ပတ်သက်လို့ အစ္စရေးကို အစီရင်ခံစာက အပြစ်ဖို့ထားပါတယ်။

အစ္စရေးဘက်ကတော့ ဒီလို အကူအညီပေးရေးအဖွဲ့တွေရဲ့ အစီရင်ခံစာကို အပြင်း
အထန် ရှုတ်ချပါတယ်။ အစီရင်ခံစာဟာ ဘက်လိုက်ပြီး မျှမျှတတ မရှိဘူးလို့လည်း
ပြောပါတယ်။

အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်းနယ်မြေရဲ့ အရပ်ဖက်အာဏာပိုင်တွေရဲ့ ပြောရေး
ဆိုခွင့်ရှိသူ ဗိုလ်မှူး ပီတာလန်နာ (Peter Lerner) ကတော့ ဒီလိုအနေအထားတွေ ကြုံနေရတာတွေဟာ ပြီးခဲ့တဲ့နှစ်က ဂါဇာကို ထိန်းချုပ်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့တွေရဲ့
အပြစ်လို့ ပြောပါတယ်။ အစ္စရေးအနေနဲ့ သူတို့အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ယူဆ
ရတဲ့ ကိစ္စတွေကို ပိတ်ပင်ဟန့်တားရတာလို့ ပြောပါတယ်။

“ကျနော်တို့ အစ္စရေးတွေက တကယ်တမ်းကြ ပါလက်စတိုင်းဘက်က အတိအကျ
ချိန်ပစ်နေတဲ့ စနိုက်ပါ သေနတ်သမားတွေ၊ မော်တာတွေနဲ့ ပစ်နေတဲ့ကြားကပဲ ဖြတ် သွားနေကြရတာပါ။ လုပ်စရာရှိတာ လုပ်နေကြတာပါ။ ကျနော်တို့အတွက် တကယ့်ကို ပြသနာတွေကြားမှာ ရောက်နေတာ သိတဲ့အတိုင်းပါပဲ။”

ဒီလို အကျပ်အတည်းတွေနဲ့ အငြင်းပွားမှုတွေ ရှိပေမယ့် ဂါဇာရဲ့အခြေအနေ တိုးတက်
လာမယ့် လက္ခဏာတွေကိုတော့ တွေ့နေရပါတယ်။ အစ္စရေးဝန်ကြီးချုပ် အေးဟွတ်ဒ်
အိုလ်မတ် (Ehud Olmert) က ဟားမတ်စ်အဖွဲ့ဘက်က ရော့ကက်လောင်ချာတွေနဲ့
ပစ်တာကို ရပ်မယ်ဆိုရင် အစ္စရေးဘက်ကလည်း ဂါဇာမှာရှိတဲ့ စစ်သွေးကြွတွေကို
တိုက်ခိုက်တာကို ရှောင်မယ်လို့ ပြောနေပါတယ်။ ဟားမတ်စ်အဖွဲ့တွေနဲ့ အခြား ပါလက်
စတိုင်း စစ်သွေးကြွတွေဟာ အစ္စရေးနဲ့ သဘောတူညီချက် စာချုပ်ချုပ်နိုင်ဖို့ အီဂျစ်
အာဏာပိုင်တွေနဲ့ ဆွေးနွေးနေပါတယ်။ ဂါဇာမှာနေထိုင်တဲ့ ပြည်သူတွေအတွက်တော့
အစ္စရေးနဲ့ သဘောတူညီချက်ဆိုတာက လပေါင်းများစွာအတွင်းမှာ သူတို့အတွက် သတင်းကောင်းတပုဒ်လို့ ပြောရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG