သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးကျောင်း တိုက်ခိုက်ခံခဲ့ရအပြီး အစ္စရေးက အနောက်ဖက်ကမ်းခရီးသွားမှုကို ကန့်သတ်


ပါလက်စတိုင်း သေနတ်သမားတစ်ယောက်က ဂျေယူစလင်မြို့က ဂျူးဘာသာရေး ကျောင်းတစ်ကျောင်းထဲကို မနေ့က
ဝင်ရောက်တိုက်ခိုက်ခဲ့လို့ သေကြေမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အနောက်ဖက် ကမ်းခြေမှာ ခရီးသွားလာမှုတွေကို လုံခြုံရေးအဖွဲ့တွေက ကန့်သတ်လိုက်ပါတယ်။

မနေ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ ဂျုးဘာသာရေးကျောင်းက ကျောင်းသားတွေရဲ့ ဒီကနေ့ ဇာပန အခမ်းအနားတွေမှာ ထောင်နဲ့ချီတဲ့သူတွေ တက်ရောက် ဆုတောင်းခဲ့ကြပါတယ်။

ဂျူးဘာသာရေးအခမ်းအနားတစ်ခုအတွက် လူတွေ ပြည့်နှက်နေတဲ့ ဂျူးဘာသာရေး ကျောင်းထဲက အခန်းတစ်ခန်းထဲကို ၀င်ရောက်လာသူ သေနတ်သမားက ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ၈ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ သေနတ်သမားဟာ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ အစ္စရေး ရဲတပ်ဖွဲ့တွေက ဆိုပါတယ်။

သေနတ်သမားဟာ ဂျေယူစလင် အရှေ့ဖက်အခြမ်းမှာ နေထိုင်တဲ့ ပါလက်စတိုင်း တစ်ဦးဖြစ်တယ်လို့ အစ္စရေးရဲ့ အတည်ပြုခဲ့ပြီးတော့ ပါလက်စတိုင်း အစ္စရေး ငြိမ်းချမ်းရေး ပျက်ပြားအောင် အခုလို ပစ်ခတ်မှု လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါပေမယ့် အစ္စရေးအနေနဲ့ ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေး ဆက်ပြီးလုပ်သွားမယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ် ကတော့ အခု တိုက်ခိုက်ခံရမှုအတွက် အပြင်းအထန် ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG