သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်မှောင်ခို ရောင်းချသူ ရုရှားနိုင်ငံသား တဦးကို ထိုင်းအာဏာပိုင်တွေကဖမ်းမိ


လက်နက်မှောင်ခို ထုတ်လုပ်မှုနဲ့ ထိုင်းနိုင်ငံမှာ အဖမ်းခံခဲ့ရတဲ့ ရုရှားနိုင်ငံသားတစ်ယောက်ကို အမေရိကန်နိုင်ငံဆီ လက်လွှဲမပို့ခင် စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ကိုလံဘီယာနိုင်ငံက သူပုန်အုပ်စုတွေဆီကို လက်နက်တွေရောင်းဖို့ ကြိုးစားခဲ့သူလို့ အမေရိကန်ဖက်က အဲဒီ ရုရှားလက်နက် ကုန်သည် ဗစ်တာ ဘုတ် ကို စွဲထားတာပါ။ သူ့ကို ဘန်ကောက်မြို့တော်က ဇိမ်ခံ ဟိုတည်ကြီးတစ်ခုမှာ မနေ့တုန်းကပဲ ထိုင်းအာဏာပိုင်တွေကနေ ဖမ်းဆီးမိခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံက FARC လို သူပုန်အုပ်စုတွေကို လက်နက်ပစ္စည်းတွေ ထောက်ပံ့မှုနဲ့ အမေရိကန်နိုင်ငံ နယူးယောက်ခ် မြို့မှာ အစိုးရရှေ့နေတွေနဲ့ တရားစွဲဆို အရေးယူ ချင်နေပါတယ်။ ဒါပေမယ့်လည်း ထိုင်းအစိုးရ ရှေ့နေတွေက အကြမ်းဖက် အုပ်စုတွေကို လက်နက်တွေနဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ ထိုင်းမှာပဲ တရားစွဲဆိုဖို့ လုပ်မလုပ် ဆိုတဲ့ကိစ္စကိုတော့ မဆုံးဖြတ်ရသေးပါဘူး။

ထိုင်းမှာပဲ သူ့ကို တရားစွဲခဲ့မယ်ဆိုရင် ရုရှားလက်နက်ကုန်သည် ဗစ်တာ ဘုတ် ဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖို့ ရှိပါတယ်။

သူဟာ အသက် ၄၁ နှစ်အရွယ် အရင်တုန်းက ဆိုဗီယက်ယူနီယံ ကာလအတွင်း လေတပ်စစ်ဗိုလ် တစ်ယောက်အဖြစ် အမှုထမ်းခဲ့သူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG