သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂကိုယ်စားလှယ်နဲ့ တွေ့ဆုံ


မြန်မာပြည်မှာ စစ်အစိုးရနဲ့ အတိုက်အခံတို့ အကြား စေ့စပ်ပေးဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီ ဒီကနေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာမှာ တွေ့ဆုံပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဂမ်ဘာရီတို့ ၁ နာရီခွဲကြာ တွေ့ဆုံကြပြီး ဘာတွေ ဆွေးနွေးခဲ့ကြတယ် ဆိုတာတော့ အသေးစိတ် မသိရသေးပါဘူး။

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ဟာ အဲန်အယ်လ်ဒီ အလုပ်အမှုဆောင် အဖွဲ့ဝင်များနဲ့ ဒီကနေ့ သီးခြားစီ တွေဆုံခဲ့သလိုပဲ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ပအို့ အမျိုးသားအဖွဲ့ချုပ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံခိုင်ရေးအသင်းတို့က ကိုယ်စားလှယ်များနဲ့လည်း တွေ့ဆုံပါတယ်။

ကြာသပတေးနေ့က မြန်မာပြည်ကို ရောက်လာတဲ့ မစ္စတာဂမ်ဘာရီဟာ သောကြာနေ့မှာ စစ်အစိုးရပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာအစိုးရက ဒီမိုကရေစီ လမ်းညွှန်မြေပုံအတိုင်း လူထုဆန္ဒခံယူပွဲ ဆက်ပြီးလုပ်သွားမယ်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေးအတွက် ဖွဲ့စည်းပုံသစ်ကို ပြန်ပြင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ဗိုလ်မှူးချုပ် ကျော်ဆန်းက ဆိုပြီး စည်းပုံအခြေခံသစ်ကို မပြင်ဆင်နိုင်တော့ဘူး၊ မိမိတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လုံလုံလောက်လောက် တွေ့ဆုံခဲ့ပြီးပြီလို့လည်း ဆက်လက်ပြောဆိုပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီဟာ မြန်မာပြည်က ဒီနေ့ သို့မဟုတ် မနက်ဖြန် ထွက်ခွာသွားနိုင်တယ်လို့ သူနဲ့ တွေ့ဆုံခဲ့တဲ့ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးလွင်က ဗွီအိုအေကို ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG