သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရဲက ကန့်ကွက်သူများကို မျက်ရည်ယိုဗုံးနဲ့ ပစ်


မလေးရှားနိုင်ငံမှာ ဒီကနေ့ ပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲအတွင်း အတိုက်အခံတို့ကို ထောက်ခံကြသူများ ခဲနဲ့ပေါက်ကြတဲ့အတွက် ရဲက မျက်ရည်ယိုဗုံးတွေ သုံးပြီးတော့ လူစုခွဲလိုက်ရပါတယ်။

မဲဆန္ဒရှင်များအား မဲရုံများကို ဘတ်(စ်)ကားများနဲ့ တင်ဆောင်ပေးနေတာကို တားဆီးကြသူ Pan- Malaysian Islamist Party (PAS) ကို ထောက်ခံသူ ၂၀ လောက် ကိုလည်း ရဲက ထိန်းသိမ်းလိုက်ပါတယ်။ မသမာတဲ့ ရွေးကောက်ပွဲ ရလဒ်ရရှိဖို့ အာဏာရ အမျိုးသားညွှန့်ပေါင်း အဖွဲ့က မဲဆွယ်စည်းရုံးဖို့အတွက် မဲရုံကို ဘတ်(စ်)ကားများနဲ့ ခေါ်ဆောင်သွားတယ်လို့ PAS အဖွဲ့က စွပ်စွဲထားပါတယ်။

မလေးရှားနိုင်ငံ ၁၉၅၇ ခုနှစ်မှာ လွတ်လပ်ရေး ရစဉ်ကတည်းက အနိုင်ရလာခဲ့တဲ့ အတိုင်းပဲ အခုရွေးကောက်ပွဲမှာလည်း သူတို့နိုင်ဦးမယ်လို့ ဝန်ကြီးချုပ် အဗ္ဗဒူလာ ဘာဒါဝီက ပြောဆိုပါတယ်။ လက်ရှိ မလေးရှား ပါလီမန်ထဲမှာ အမျိုးသား ညွှန့်ပေါင်းအဖွဲ့က လွှတ်တော် ကိုယ်စားလှယ် ၉၀ ရာခိုင်နှုန်းကျော် ရရှိထားလို့ သုံးပုံတစ်ပုံ အမတ်အများစုကို ရရေး အတိုက်အခံတို့က လူနည်းစု တရုတ်တိုင်းရင်းသားများနဲ့ အိန္ဒိယ အနွယ်များအား စည်းရုံးနေကြပါတယ်။

မလေးရှားနိုင်ငံမှာ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ထားတာ ရှေ့လမှာ ကုန်ဆုံးတော့မှာမို့ သူ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခြင်း မပြုနိုင်အောင် ရွေးကောက်ပွဲကို စောပြီးလုပ်တာလို့ ဒုတိယ ဝန်ကြီးချုပ်ဟောင်း အန်နဝါ အီဘရာဟင်က ဗွီအိုအေကို ပြောဆိုပါတယ်။

XS
SM
MD
LG