မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး
ကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ်
ဂမ်ဘာရီ (Mr Ibrahim Gambari) မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
နဲ့ ဒီနေ့ အစိုးရဧည့်ဂေဟာမှာ ထပ်မံတွေ့ဆုံ
ပါတယ်။ သုံးရက်အတွင်း ဒုတိယအကြိမ်
တွေ့ဆုံကြတာ တနာရီနီးပါးကြာပေမယ့်
ဘာတွေဆွေးနွေးတယ်ဆိုတာ မသိရသေး
ပါဘူး။
မြန်မာပြည်မှာ စစ်အစိုးရနဲ့ အတိုက်အခံတို့
ကြား ရင်ကြားစေ့ရေးကြိုးပမ်းဖို့ ရောက်ရှိနေ
တဲ့ မစ္စတာဂမ်ဘာရီကို စစ်အစိုးရ ပြန်ကြား
ရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက သူတို့
ရဲ့ အစီအစဉ်အတိုင်း ဆန္ဒခံယူပွဲ ပြုလုပ်သွား
မယ်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေး
အတွက် ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုခဲ့ပြီး ဆန္ဒခံယူပွဲမှာ
လွတ်လပ်တဲ့ အကဲခတ်သမားများ လေ့လာခွင့်ပြုဖို့ဆိုတဲ့ ကုလသမဂ္ဂရဲ့ အကြံပေး ကမ်းလှမ်းချက်လည်း ပယ်ချခံခဲ့ရပါတယ်။
နိုဝင်ဘာလ ဒုတိယအကြိမ် သွားရောက်စဉ်တုန်းကလိုပဲ အခုတကြိမ်မှာလည်း မစ္စတာ
ဂမ်ဘာရီဟာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်မရသေးဘဲ
စစ်အစိုးရ တခြားဝန်ကြီးများ၊ အန်န်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ဝင်များနဲ့ပဲ
တွေ့ခွင့်ရပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာပြည်က ဘယ်တော့ပြန်မယ်
ဆိုတာ မကြေညာသေးပါဘူး။ ဒီနေ့ မြန်မာပြည်က မပြန်ခင် စစ်အစိုးရပြန်ကြားရေး
ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့ ထပ်ပြီးတွေ့ဆုံဦးမယ်လို့လည်း သတင်းများထွက်နေ
ပါတယ်။