သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီခရီးစဉ်အပြီး ကုလသမဂ္ဂက မြန်မာ့အရေး ဆက်ပြီး ဖိအားပေးမည်


မြန်မာပြည်ကို ၅ ရက်ကြာခရီးသွားခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ
အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim
Gambari) ရဲ့ ခရီးစဉ်မှာ မျှော်လင့်ထား
သလောက် တိုးတက်မှုတွေမရှိဘူးလို့ ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Mr Ban Ki-moon) က ပြောလိုက်ပါတယ်။

မြန်မာပြည်မှာ ၅ ရက်ကြာ နေခဲ့ပေမယ့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခွင့်မရခဲ့ဘူး
လို့လည်း မစ္စတာဘန်ကီမွန်းက ဆိုပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ဒီမိုကရေစီ
အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အရေး ဆက်ပြီးတော့ တွန်းအားပေး လုပ်ဆောင်
သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆိုပါတယ်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှတိုးတက်မှု
တွေမရဘဲ တနင်္လာနေ့မှာ မြန်မာပြည်ကနေ မစ္စတာဂမ်ဘာရီ ပြန်လာခဲ့တာပါ။ အခု
တခေါက် မြန်မာပြည်ခရီးစဉ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကြိမ်၊ အန်န်အယ်လ်ဒီ ဗဟိုကော်မတီအဖွဲ့
ဝင် ငါးဦးနဲ့ တကြိမ် တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ပအို့ဝ်အဖွဲ့ဝင်တွေနဲ့ပါ မစ္စတာ
ဂမ်ဘာရီ ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့ မစ္စတာဂမ်ဘာရီ
တွေ့ဆုံတဲ့အခါ မြန်မာစစ်အစိုးရအနေနဲ့ လမ်းပြမြေပုံ ၇ ချက်ကို မပြောင်းလဲဘဲ
ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ မစ္စတာဂမ်ဘာရီကို ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG