အရှေ့အလယ်ပိုင်းဒေသ ဂါဇာကမ်းမြောင်
ဒေသမှာ တရားဝင်မဟုတ်တဲ့ အပစ်အခတ်
ရပ်စဲရေးတရပ် တည်ရှိနေပြီး ပါလက်စတိုင်း စစ်သွေးကြွတွေဘက်က အစ္စရေးလ်ကို ဒုံးကျည်နဲ့ပစ်ခတ်မှုတွေလည်း လုံးဝနီးပါး ရပ်တန့်သွားပြီဖြစ်ပါတယ်။ ဂျေရုဆလမ်မြို့က ဗွီအိုအေသတင်းထောက် ဂျင်မ် တီပဲလ်
(Jim Teeple) ပေးပို့တဲ့သတင်းလွှာကို
ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။
ဂါဇာနယ်စပ်က အစ္စရေးလ်တွေနဲ့ ဂါဇာထဲက ပါလက်စတိုင်းတွေအဖို့တော့ အပစ်အခတ်
တွေ ဒီလို ရုတ်တရက်ကြီး ရပ်ဆိုင်းသွားခြင်း
ဟာ အသက်ရှူပေါက် ရရှိသွားခြင်းပါပဲ။
အစ္စရေးလ်တောင်ပိုင်းကို ပါလက်စတိုင်းစစ်သွေးကြွတွေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခြင်း
မပြုသမျှ လေကြောင်းကတိုက်ခိုက်မှု၊ မြေပြင်ကပစ်ခတ်မှုတွေကို ရပ်ဆိုင်းထားဖို့
ဝန်ကြီးချုပ် အေဟွတ်အိုလ်မတ်တ် (Ehud Olmert) က အစ္စရေးလ်စစ်တပ်ကို အမိန့် ပေးတဲ့အကြောင်း အစ္စရေးလ်စစ်တပ်ရေဒီယိုက ကြေညာခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့အပတ်က ဂျေရုဆလမ်မှာ ဘာသာရေးသင်တန်းသားရှစ်ဦး သေဆုံးခဲ့ရတာ၊ ဂါဇာကနေပြီး အစ္စရေးလ်ဘက်ကို
ဒုံးကျည်တွေ ရာနဲ့ချီ ပစ်ခတ်ခဲ့တာတွေ ရှိခဲ့ပေမယ့် အစ္စရေးလ်ကတော့ ငြိမ်းချမ်းရေး
ဖြစ်စဉ်ကို မပစ်ပယ်ဘူးလို့လည်း မစ္စတာအိုလ်မတ်တ်က ပြောခဲ့ပါသေးတယ်။
အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးအလားအလာကောင်းဖို့ အရေး
ကြီးတဲ့ခြေလှမ်း၊ ငြိမ်းချမ်းရေးအလားအလာ ရုတ်တရက် တိုးတက်သွားစေမယ့်
သူ့အခေါ် ကြီးမားတဲ့အားထုတ်မှုတွေကို သူဘယ်တော့မှ အလျှော့မပေးဘူးလို့
အစ္စရေးလ်ဝန်ကြီးချုပ် ပြောသွားတာဖြစ်ပါတယ်။
ပါလက်စတိုင်းတို့က ဂါဇာကို ဒုံးကျည်နဲ့ ပစ်ခတ်တာတွေ ရပ်သွားရင် အစ္စရေးလ်တို့
ဘက်ကလည်း အပစ်ရပ်မယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါသေးတယ်။
အမေရိကန်ရဲ့တွန်းအားနဲ့ အီဂျစ်အရာရှိတွေကလည်း ပြီးခဲ့တဲ့တပတ်လုံး ဟားမားစ် ခေါင်းဆောင်တွေနဲ့ တရားဝင်မဟုတ်သည့်တိုင် အပစ်အခတ်ရပ်စဲရေး တနည်းနည်း
ရနိုင်ဖို့ ဆွေးနွေးနေခဲ့ကြပါတယ်။ တကယ်တော့ အစ္စရေးလ်နဲ့ ဟားမားစ်တို့အကြား
တရားဝင် သဘောတူညီမှုတခုရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ ဟားမားစ်တို့ဟာ အစ္စရေးလ်နိုင်ငံကို အသိအမှတ်ပြုဖို့ ငြင်းဆန်ပြီး အကြမ်း
ဖက်မှုကိုလည်း မစွန့်လွှတ်ကြလို့ဘဲ ဖြစ်ပါတယ်။
တခါ အစ္စရေးလ်တို့က ဟားမားစ်နဲ့ တရားဝင် အပစ်အခတ်ရပ်စဲလိုက်မယ်ဆိုရင် လိုက်လျောညီထွေသဘောထားရှိတဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်
(Mahmoud Abbas) နဲ့ ဆက်ဆံရေးကိုလည်း ထိပါးနိုင်စရာအကြောင်း ရှိနေပြန်ပါ
တယ်။ သမ္မတ အာဘတ်စ်ရဲ့ ဖာတာတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့နှစ်တုန်းကတင်ပဲ ဟားမားစ် စစ်သွေးကြွတွေက ဂါဇာကနေ မောင်းထုတ်ခဲ့ကြတာပါ။
ဟားမားစ်ပြောခွင့်ရတဦးကတော့ ဒုံးကျည်နဲ့ပစ်ခတ်တာတွေကို အစ္စရေးလ်တို့က
အပြီးရပ်တန့်စေချင်တယ်ဆိုရင် ဂါဇာနဲ့ အစ္စရေးလ်၊ အီဂျစ်နဲ့ ဂါဇာတို့အကြား နယ်စပ် ဖြတ်လမ်းကြောင်းတွေကို အစ္စရေးလ်တို့က ပြန်လည်ဖွင့်လှစ်ပေးရမယ်လို့ တောင်းဆို
ထားပါတယ်။
တချိန်တည်းမှာပဲ ပါလက်စတိုင်း စေ့စပ်ရေးသမားတွေဟာ အစ္စရေးအရာရှိတွေနဲ့
ပထမအကျော့ ဆွေးနွေးပွဲကို ဒီအပတ်ထဲမှာပဲစတင်ဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲဟာ ဂါဇာအကြမ်းဖက်မှု ကြီးထွားလာချိန် ပြီးခဲ့တဲ့အပတ်က ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်မှာ ဂျေရုဆလမ် အရှေ့ဘက်ခြမ်းနဲ့ ဆက်နေတဲ့နေရာမှာ အိမ်သစ် ၄၀၀
ဆောက်လုပ်ဖို့ဆိုတဲ့ အစ္စရေးလ်တို့ရဲ့ ဆုံးဖြတ်ချက်ကို ပါလက်စတိုင်းတို့က ခံပြင်း
နေကြပါတယ်။
ဒီမြေဟာ ၁၉၆၇ စစ်ပွဲတုန်းက အစ္စရေးလ်တို့ သိမ်းပိုက်သွားခဲ့တဲ့မြေ ဖြစ်ပါတယ်။ ဒါနဲ့
ပတ်သက်ပြီး ပါလက်စတိုင်း စေ့စပ်ရေးမှူးတဦးဖြစ်သူ ဆာအိဘ် အဲရကတ် (Saeb
Erekat) က ပါလက်စတိုင်းအသံ ရေဒီယိုမှာ အခုလိုပြောသွားပါတယ်။
“အစ္စရေးလ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့အဖွဲ့ အံ့အားသင့်ခဲ့ရတယ်။ ဒီဆောက်လုပ်
ရေးကိစ္စတွေ ရှေ့တိုးလာမယ်ဆိုရင် ငြိမ်းရေးရဖို့ မဖြစ်နိုင်တော့ဘူး” လို့ အဲရကတ်က ပြောသွားတာဖြစ်ပါတယ်။ အစ္စရေးလ်တို့အနေနဲ့ ရွာတည်ချင်သလား၊ ငြိမ်းချမ်းရေး လိုချင်သလားဆိုတာ ဆုံးဖြတ်သင့်တယ်လို့လည်း ဆိုပါတယ်။
အစ္စရေးလ်တို့က ဂါဇာမြစ်အနောက်ဘက်ကမ်း သိမ်းပိုက်နယ်မြေနဲ့ ဂျေရုဆလမ်မြို့
အရှေ့ဘက်မှာ အိမ်သစ်တထောင်ကျော် ဆောက်လုပ်ဖို့ ဆုံးဖြတ်ထားကြောင်း
တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ တကယ်လို့သာ အိမ်သစ်ဆောက်လုပ်ရေး စီမံကိန်း
တွေကို အတည်မပြုဘူးဆိုရင် အစိုးရအဖွဲ့ထဲ မပါတော့ဘူးလို့ မစ္စတာအိုလ်မတ်တ်နဲ့
ညွန့်ပေါင်းအစိုးရဖွဲ့ထားတဲ့ ဘာသာရေး လက်ယာစွန်း ရှာ့စ်ပါတီ (Shas Party) က ခြိမ်းခြောက်တယ်လို့လည်း အစ္စရေးလ်ရေဒီယိုက ကြေညာခဲ့ပါတယ်။