ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းက လာဟိုးမြို့မှာ
ဒီနေ့ အသေခံကားဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့လို့
အနည်းဆုံး လူ ၂၅ ယောက်သေဆုံးပြီး လူ
၂၀၀ ဒဏ်ရာရသွားခဲ့တယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။
ဖောက်ခွဲမှုနှစ်ခုထဲမှာ တခုကတော့ လာဟိုး မြို့လယ်ကောင်က အစိုးရ ထောက်လှမ်းရေး
စစ်ဆေးရေး အေဂျင်စီရုံး ပျက်စီးသွားခဲ့ပြီး နောက်တလုံးကတော့ အစိုးရရဲ့ ရဲရုံးချုပ်ကို ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။
သေဆုံးသွားခဲ့သူတွေထဲမှာ ကလေး
နှစ်ယောက်လည်း ပါဝင်ပါတယ်။ အဲဒီ
ဖောက်ခွဲမှုဟာ ဘယ်သူတွေရဲ့လက်ချက်လဲဆိုတာတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့အပတ်တုန်းကလည်း အဲဒီ လာဟိုးမြို့မှာပဲ အသေခံဗုံးခွဲမှု နှစ်ခုဖြစ်ပွားခဲ့ပြီး
အနည်းဆုံး လူငါးယောက် သေဆုံးမှုရှိခဲ့ပါတယ်။