သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သဘာဝဓာတ်ငွေ့ ဘင်္ဂလားဒေ့ရှ်ကို မရောင်းနိုင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံက ဓာတ်ငွေ့ဝယ်ဖို့ တောင်းဆိုခဲ့တာကို မြန်မာ
စစ်အစိုးရက ငြင်းဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို
အရင်လ အလည်လာစဉ်က အဲသလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်
စွမ်းအင်ဒုတိယဝန်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက အိန္ဒိယနဲ့ တရုတ်ကို ဓာတ်ငွေ့ရောင်းမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကိုတော့ ဓာတ်ငွေ့အသစ်တွေ ဖော်ထုတ်တွေ့ရှိမှသာ ရောင်းပါမယ်။ အခုအချိန်မှာတော့ မြန်မာ
နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်ကို ဓာတ်ငွေ့မတင်ပို့နိုင်သေးပါဘူးလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လေ့လာချက်တွေအရ ၂၀၂၂ ထိခံမယ့် ဓာတ်ငွေ့ ကုဗပေ
၁၄ ထရီလီယံရှိပေမယ့် ၁၉၉၉ ကတည်းက ဓာတ်ငွေ့အသစ်တွေဖော်ထုတ်ဖို့ ရင်းနှီး
မြှုပ်နှံတာ မရှိခဲ့သလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီတွေက ဓာတ်ငွေ့
ဈေးကွက်ကို ဒီမှာမမြင်နိုင်တော့လို့ ဖြစ်ပါတယ်လို့ ဒုတိယစွမ်းအင်ဝန်ကြီး မစ္စတာ
တာမင် (Tamin) က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ ဓာတ်ငွေ့ဝယ်လို
အားဟာ ထုတ်လုပ်နိုင်တာထက် များနေကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG