သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဖောင်းပွမှုနဲ့ နျူကလီးယားပြဿနာ ဆွေးနွေးခွင့်မရှိတဲ့ အီရန်ရွေးကောက်ပွဲ


သောကြာနေ့ကျရင် အီရန်ပြည်သူတွေ ပါလီမန်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြ
တော့မှာ ဖြစ်ပါတယ်။ ပြုပြင်ရေးလိုလားသူ အမတ်လောင်းအများစုကို အာဏာပိုင်တွေ
က ပယ်ချထားပြီးဖြစ်တဲ့အတွက် ဒီ
ရွေးကောက်ပွဲဟာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်
တွေ အချင်းချင်းအကြားမှာပဲ ယှဉ်ပြိုင်ကြရ
မယ့်ပွဲ ဖြစ်နေပါတယ်။ ဗွီအိုအေသတင်း
ထောက် Challiss McDonough ကိုင်ရိုက
ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာက စုစည်းတင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲမှာ ပြုပြင်ရေးသမား အမတ်
လောင်းတွေ မပါသလောက် ဖြစ်နေလေတော့ အီရန်ပါလီမန်ကို ၂၀၀၄ ခုနှစ်ကတည်း
က ကြီးစိုးလာခဲ့တဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေက ပိုပြီးတော့ အင်အားကောင်းလာ
ကြပါလိမ့်မယ်။

ရွေးကောက်ပွဲဟာလည်း ပြိုင်ဘက် ကွန်ဆာဗေးတစ်အုပ်စုနှစ်စု၊ တခုက လက်ရှိ
သမ္မတ မာမွတ် အာမာဒင်နေဂျဒ် (Mahmoud Ahmadinejad) နဲ့ ပိုမိုနီးစပ်တဲ့အုပ်စု၊ နောက်တစုကတော့ နျူကလီးယားပြဿနာကို အနောက်နိုင်ငံတွေနဲ့ ဆွေးနွေးမယ်
ဆိုတဲ့ သဘောထားမျိုးရှိတဲ့၊ ပိုမိုလက်တွေ့ကျကျ ဖြေရှင်းရေးကိုလိုလားတဲ့အုပ်စု
ဒီအုပ်စုနှစ်စုကြား အဓိကယှဉ်ပြိုင်ကြရမယ့်ပွဲပါ။

အလီ နူရီဇာဒေး (Ali Nourizadeh) ဟာ လန်ဒန်အခြေစိုက် အီရန်သတင်းစာဆရာ နိုင်ငံရေးသုံးသပ်သူတဦး ဖြစ်ပါတယ်။

“ဒီရွေးကောက်ပွဲဟာ အစ္စလမ်သမ္မတနိုင်ငံ ထူထောင်ချိန်ကစပြီး လုပ်ခဲ့သမျှ ရွေးကောက်ပွဲတွေအနက် အဆိုးဆုံးဖြစ်ပါတယ်။”

ရွေးကောက်ပွဲအကြို အမတ်လောင်းတွေကို စိစစ်ရာမှာ ပြုပြင်ရေးလိုလားတယ် ဆိုတဲ့
အုပ်စုက အမတ်လောင်းအများအပြား အပါအဝင် အမတ်လောင်းတွေ ရာနဲ့ချီပြီး အပယ်ခံခဲ့ကြရပါတယ်။ သူတို့ဟာ အနောက်ဘက်ခြမ်းနိုင်ငံတွေနဲ့ ဆက်ဆံရေး
ကောင်းအောင်လုပ်ဖို့၊ အီရန်နိုင်ငံတွင်း လွတ်လပ်ခွင့်ပိုရရှိဖို့ လိုလားကြသူတွေ ဖြစ်ပါ
တယ်။

“ကျနော်က အမတ်လောင်းတွေရဲ့ နာမည်စာရင်းကို စောင့်ကြည့်နေပါတယ်။ ကျနော် ပြောခဲ့သလိုပါပဲ။ ထင်ရှားတဲ့ ပြုပြင်ရေးသမား တယောက်မှ မတွေ့ရပါဘူး။
ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေဆိုတာဟာ အခြေခံဝါဒီတွေ အချင်းချင်းအကြားမှာပဲ
ဖြစ်နေပါတယ်။ တိုးတက်တဲ့ အခြေခံဝါဒီတွေနဲ့ ရှေးရိုးစွဲ အခြေခံဝါဒီတွေအကြားမှာ
ဖြစ်ပါတယ်။ တကယ်တော့ အတူတူပါပဲ။ ဘာမှမထူးပါဘူး။”

ဆိုတော့ ပြုပြင်ရေးအုပ်စုကို မဲပေးချင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရွေးချယ်ခွင့်မရှိကြ
တော့ပါဘူး။ အခြားတဖက်မှာတော့ လွန်ခဲ့တဲ့ ၃ နှစ်က သမ္မတ အာမာဒင်နေဂျဒ်ကို ထောက်ခံမဲပေးခဲ့ကြတဲ့ ကွန်ဆာဗေးတစ်တွေ ပိုအားကောင်းလာပါတယ်။ ဒါ့အပြင် မဲဆွယ်တဲ့နေရာမှာလည်း ကန့်သတ်ချက်တွေ ရှိနေပြန်ပါတယ်။

“အဆင့်အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီက မီဒီယာတွေကို ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ မဆွေးနွေးရဘူးဆိုတဲ့ ကိစ္စတချို့လည်း ရှိနေပြန်ပါတယ်။ နျူကလီး
ယားပြဿနာ၊ ငွေကြေးဖောင်းပွမှုပြဿနာ၊ အီရတ်နိုင်ငံနဲ့ ဆက်ဆံရေးပြဿနာ၊
အမေရိကန်နဲ့ ဆက်ဆံရေးပြဿနာ စတာတွေဟာ မဲဆွယ်တဲ့အခါ မဆွေးနွေးရတဲ့
ပြဿနာတွေ ဖြစ်ပါတယ်။”

ဒီလို အရေးတကြီးကိစ္စတွေကို မဆွေးနွေးရဘူးဆိုတော့လည်း အရပ်ထဲက သန့်ရှင်း
ရေး၊ ပတ်ဝန်းကျင်ညစ်နွမ်းမှု စတဲ့ဟာတွေလောက်ကိုပဲ အဓိကထားကြရတော့မယ့်
သဘော ရှိနေပါတယ်။

တကယ်တော့ အီရန်နိုင်ငံရဲ့ အဓိကပြဿနာဟာ စီးပွားရေးပါ။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေပြီး အလုပ်လက်မဲ့ဦးရေ ပိုများနေပါတယ်။ ဒီကိစ္စကြောင့် ကွန်ဆာဗေးတစ် အုပ်စုတွေအကြား သဘောကွဲလွဲမှု ဖြစ်စေပါတယ်။ ယူရေနီယံသန့်စင်ရေး အစီအစဉ်နဲ့
ပတ်သက်လို့ အနောက်အုပ်စုကို ထိပ်တိုက်ရင်ဆိုင်မယ့် လက်ရှိသမ္မတ အာမာဒင်
နေဂျဒ်ရဲ့ နည်းပရိယာယ်ဟာလည်း အလားတူ သဘောကွဲစရာ ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတ အာမာဒင်နေဂျဒ်အပေါ် လူထုထောက်ခံမှု အများကြီးကျဆင်းသွား
နိုင်တယ်လို့ ကျွမ်းကျင်သူတချို့က တွက်နေကြပါတယ်။ သူ့ရဲ့ စီးပွားရေးမူဝါဒတွေအပေါ်
လူတွေ မကျေနပ်ကြတာများပါတယ်။

ဒီအခြေအနေမှာ ပြုပြင်ရေးသမား အမတ်လောင်းတွေ အပယ်ခံထားရလေတော့ မဲဆန္ဒ
ရှင်တွေ အများအပြား မဲမပေးဘဲ နေကြလိမ့်မယ်လို့လည်း သတင်းတွေထွက်နေပါ
တယ်။ ဒါပေမယ့် အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေကတော့ အစ္စလမ်ဘာသာရေး
တာဝန်တရပ် ဖြစ်တယ်ဆိုပြီး ပြည်သူတွေကို မဲပေးကြဖို့ တိုက်တွန်းအားပေးနေပါလေ
ရဲ့။

အီရန်ပါလီမန်မှာ အမတ်နေရာ ၂၉၀ ရှိပါတယ်။ မဲပေးရမယ့်ဖြစ်စဉ်ကတော့ အတော်
လေး ရှုပ်ထွေးနိုင်ပါတယ်။ လူတယောက်က မဲအများကြီးပေးရမှာ ဖြစ်ပါတယ်။ တချို့
နေရာတွေမှာ အီလက်ထရောနစ် မဲပေးစနစ်ကို ပထမဆုံးအကြိမ် စတင်ကျင့်သုံးပါ
လိမ့်မယ်။ နောက်ဆုံးရလဒ်ကိုတော့ ရက်အတော်ကြာ မျှော်လင့်နိုင်ဦးမှာ မဟုတ်
ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG