သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း မစ္စတာဂမ်ဘာရီ အတွင်းရေးမှူးချုပ်ကို အစီရင်ခံ


ကုလသမဂ္ဂ အတွင်းရေးမှူးးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (Ibrahim Gambari) ဟာ မနေ့က သူရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး အတွင်းရေးမှူးချုပ်ကို အစီရင်ခံတင်ပြခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အတွင်းရေးမှုးချုပ်ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘေး (Marie Okabe) က သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းကို ပြောဆိုပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ အစီရင်ခံချက်တွေနဲ့ ပတ်သက်လို့တော့ အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုတာ မရှိခဲ့ပါဘူး။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဆင်နီးဂေါ (Senegal) နိုင်ငံ ဒက်ကာ (Dakar) မှာ ကျင်းပနေတဲ့ အစ္စလာမ်မစ် အူမာ (Ummah) ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်နေပါတယ်။ မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဆင်နီးဂေါနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

မစ္စတာဂမ်ဘာရီအနေနဲ့ လောလောဆယ် မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီကို တင်ပြဖို့ အစီအစဉ် မရှိသေးတဲ့အကြောင်း မာရီ အိုကာဘေးက သတင်းထောက်တွေကို ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ သွားရောက်ခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ စစ်အစိုးရကို ပြုပြင်ပြောင်းလဲလာအောင် တိုက်တွန်းနိုင်တဲ့ အခြေအနေမရှိဘဲ မြန်မာနိုင်ငံအတွင်း တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ တိုးတက်မှု မရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG