သုံးရလွယ်ကူစေသည့် Link များ

တိဗက်ဆန္ဒပြမှု လူအသေအပျောက်ဦးရေ အငြင်းပွား


တိဗက်မြို့တော် လာဆာမှာ မနေ့က ဆန္ဒပြပွဲ
အတွင်း လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး လုံခြုံရေးတပ်တွေ အကြီးအကျယ်ချထားလို့ ငြိမ်နေ
ကြပါတယ်။ လမ်းတွေအတော်များများ လူတွေ
မဝင်ရလို့ ပိတ်ပင်ထားတာကြောင့် မနေ့တုန်းကနဲ့ မတူတော့ဘဲနဲ့ လမ်းသွားလမ်းလာ သိပ်ကို နည်း
နေတယ်လို့ မျက်မြင်များကပြောဆိုပါတယ်။

သောကြာနေ့ဆန္ဒပြပွဲကို ဆူပူအကြမ်းဖက် လုပ်
ပစ်တယ်။ ဆူပူသူများကြောင့် အပြစ်မဲ့အရပ်သား
၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့
တရုတ်အစိုးရ ဆင်ဟွာသတင်းအေဂျင်စီက
ဖော်ပြပါတယ်။

တိဗက် ၂၀ ကျော် သေဆုံးခဲ့ရကြောင်း လာဆာ
မြို့ခံတွေက ဗွီအိုအေ တိဗက်ဌာနကို ပြောဆိုပါတယ်။ အိန္ဒိယနိုင်ငံရှိ အဝေးရောက် တိဗက်အစိုးရအဖွဲ့က သေဆုံးသူ ၃၀ ရှိကြောင်း အတည်ပြုနိုင်ပြီး အတည်ပြုလို့မရ
သေးတဲ့သတင်းများအရ သေဆုံးသူ ၁၀၀ အထိရှိနိုင်ကြောင်း ကြေညာလိုက်ပါတယ်။

ဆူပူမှုတွေကို နှစ်ဘက်စလုံးက ရှောင်ကြပါလို့ တိဗက် ဘာသာရေးခေါင်းဆောင်
ဘုန်းတော်ကြီး ဒလိုင်းလားမားက ပန်ကြားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG