မတ်လ ၁၁ရက်နေ့ညက အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ နာဆာက လွန်းပျံယာဉ် အင်ဒဲဗားကို လွှတ်တင်ခဲ့ပါတယ်။ ဒီယာဉ်နဲ့အတူ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာတည်ဆောက်မဲ့ ကိုဘီ လို့ခေါ်တဲ့ ဓါတ်ခွဲခန်း အသစ်အတွက် ပထမ အသုတ်ပစ္စည်းတွေ တင်မကပဲ ကနေဒါနိုင်ငံက စက်ရုပ် လက်တံတခုကိုပါ တင်ပို့ခဲ့ပါတယ်။ နာဆာအဖွဲ့ရဲ့ အာကာသ ခရီးစဉ်တွေထဲမှာ အချိန်အကြာဆုံး အဖြစ် ၁၆ရက်ကြာသွားရောက်မဲ့ ဒီခရီးစဉ်ရဲ့လုပ်ငန်းတွေနဲ့ အာကာသက ဓာတ်ခွဲခန်းတွေနဲ့ပတ်သက်ပြီး နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်ကို ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။