သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာ ပင်ညဲရိုး မြန်မာပြည်သွားဖို့ ပြည်ဝင်ခွင့်ဗီဇာ မရသေး


မြန်မာပြည်မှာ စစ်အစိုးရ လုပ်နေတာတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါ့မယ် လို့ ဂတိကဝတ် ပြုထားတာတွေကို ရောင်ပြန်ဟပ်ခြင်းမရှိဘူးလို့ မြန်မာပြည် ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဆိုပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပေါ်လိုဆာဂျီယို ပင်ညဲရိုး က မြန်မာပြည်မှာ ဒီမိုကရေစီ ဖော်ဆောင်ပါ့မယ် ဆိုထားပြီး အခုလုပ်နေတာဟာ ပုံပြင်ဆန်လွန်းတယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အခုတစ်ပတ်အတွင်း တင်သွင်းတဲ့ မြန်မာပြည်ဆိုင်ရာ သူ့ရဲ့ အစီရင်ခံစာထဲမှာ မြန်မာပြည်မှာ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသား ၂၀၀၀ လောက်ထိ ဖမ်းဆီး ထိန်းသိမ်းထားကြောင်းလည်း ထောက်ပြထားပါတယ်။

သူမြန်မာပြည်ကိုသွားဖို့ ပြည်ဝင်ခွင့် ဗီဇာရထားကြောင်း သောကြာနေ့ စောစောပိုင်းမှာ ပြောဆိုခဲ့တာဟာ မဟုတ်မမှန်ကြောင်း ကုလသမဂ္ဂက ငြင်းဆိုလိုက်ပါတယ်။

ဒေါက်တာပင်ညဲရိုး မြန်မာပြည်သွားခွင့်မရတာ လအတန် ကြာသွားပါပြီ။ စစ်အစိုးရက မေလမှာ ဖွဲ့စည်းပုံသစ် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပြီး ၂၀၁၀ နှစ်ကျရင် ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုထားပါတယ်။ မြန်မာစစ်တပ်က ဆက်လက်အုပ်စိုးဖို့ ရည်ရွယ်ထားတဲ့ အဲဒီဖွဲ့စည်းပုံသစ်ကို လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ ပေးကြဖို့ ဒီမိုကရေစီ အင်အားစုများက တိုက်တွန်းထားပြီးတော့ (၈၈) မျိုးဆက် ကျောင်းသားများကတော့ ရဲရဲနဲ့ မကြောက်မရွံ့နဲ့ ကန်ကွက်ကြပါလို့ မဲဆန္ဒရှင်ပြည်သူများကို တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG