သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်လှုပ်ရှားမှု ဒုတိယ ရွှေဝါရောင်တော်လှန်ရေးဟု သမိုင်းပညာရှင်တွေ ရှုမြင်


တိဘက်နဲ့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့
နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ပြည်သူတွေရဲ့ အကျပ်အတည်းနဲ့ အခြေခံအခွင့်အရေးကို
မျက်ကွယ်ပြုမထားနိုင်တဲ့ ဗုဒ္ဓဘာသာသံဃာ
တော်တွေရဲ့ ဦးဆောင်ဦးရွက် လှုပ်ရှားမှုတွေ ဖြစ်တဲ့အကြောင်း သမိုင်းပညာရှင်တွေက
သုံးသပ်ပါတယ်။ အာရှဒေသတွင်းမှာ ဖိနှိပ်
သူအချင်းချင်း ရိုင်းပင်းတာမျိုးတွေရှိသလို
သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေဟာလည်း တနိုင်ငံနဲ့တနိုင်ငံ ဆက်စပ်မှုတွေ ရှိခဲ့တယ်လို့
ပြောပါတယ်။ နယူးယောက်ခ်တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာအေးကျော်ကို ဆက်သွယ်မေးမြန်းပြီး ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

တရုတ်ရဲ့ သိမ်းပိုက်မှုကိုခံထားရတဲ့ တိဘက်နိုင်ငံ လွတ်မြောက်ရေးအတွက် တိဘက်
သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး တိဘက်
မြို့တော် လာဆာမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြမှုတွေကို တရုတ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ ဒီလိုနှိမ်နင်းခဲ့မှုတွေကြောင့် သောကြာနေ့က လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပြီး လာဆာ မြို့ခံတွေကတော့ ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။ အိန္ဒိယ
အခြေစိုက် အဝေးရောက် တိဘက်အစိုးရကတော့ ရရှိထားတဲ့ စာရင်းဇယားအရ
သေဆုံးသူ ၃၀ ရှိတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက်မျိုး လွန်ခဲ့တဲ့နှစ် စက်တင်ဘာ
လအတွင်းကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်
ခဲ့တာကြောင့် ရဟန်းသံဃာတွေ နိုင်ငံရေးမှာ
ဝင်ရောက်စွက်ဖက်လာတာမျိုး ဖြစ်နိုင်သ
လား ဆိုတာနဲ့ပတ်သက်ပြီး နယူးယောက်ခ်
တက္ကသိုလ် အငြိမ်းစားသမိုင်းပါမောက္ခ ဒေါက်တာအေးကျော်က အခုလိုပြောပါတယ်။

“ကျနော်တို့ သမိုင်းကြောင်းအရ ပြောရမယ်
ဆိုရင် ဘုန်းကြီးနဲ့ ဒါယိကာ ဒါယိကာမတွေ
ဟာ တသားတည်းပါ။ သီဟိုဠ်မှာလည်း အလားတူကိစ္စမျိုးတွေ သံဃာတွေပါဝင်တဲ့
အစဉ်အလာတွေ ရှိတယ်။ တိဘက်မှာ ဆန္ဒပြကြတယ်ဆိုတာက တိဘက်မှာရှိတဲ့
ဘုန်းတော်ကြီးတွေရဲ့ အစဉ်အလာဖြစ်တယ်။ ပြည်သူတွေကို ကိုယ်စားပြုတဲ့အသံ၊
ပြည်သူတွေကို ကိုယ်စားပြုတဲ့ ဆန့်ကျင်တော်လှန်မှု၊ ပြည်သူတွေရဲ့ လွတ်လပ်ရေးကို ရှာကြံအားထုတ်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဘုန်းကြီးတွေက နိုင်ငံ
ရေးမှာ ပါဝင်တယ် မပါဝင်ဘူးဆိုတာကတော့ အစိုးရဘက်ကပြောတဲ့ သဘောသာဖြစ်
တယ်။ ဘာသာရေးရှုထောင့်ကပြောမယ်ဆိုရင် ဘုန်းကြီးတွေက ဒါယိကာ ဒါယိကာမ
တွေ ထမင်းရေသောက်နေရတော့ ဆင်းရဲဒုက္ခတွေကို တိုက်ရိုက်တွေ့ကြုံရတယ်၊ မြင်ရ
တယ်၊ ခံစားရတယ်။ ဒီလိုခံစားချက်မျိုးကို ဘုန်းကြီးတွေက နားလည်သဘောပေါက်တဲ့ အတွက်ကြောင့် ဒါယိကာ ဒါယိကာမတွေကိုယ်စား မေတ္တာနဲ့ ဖြေရှင်းတဲ့ သဘောသာ
ဖြစ်တယ်၊ အစိုးရအမြင် မဟုတ်ဘူး။”

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မြန်မာနိုင်ငံမှာ သံဃာတော်တွေ လှုပ်ရှားခဲ့တဲ့ အဖြစ်
အပျက်နဲ့ အခုလောလောဆယ် တိဘက်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်ရင်၊ မြန်မာပြည်မှာဖြစ်ခဲ့တဲ့ကိစ္စက လွှမ်းမိုးမှုရှိလာတယ်လို့ရော ဆရာ့အနေနဲ့ မြင်မိပါ
သလား။

“ဗုဒ္ဓဘာသာ သမိုင်းကြောင်းအရတော့ တခုနဲ့တခုက အားလုံး ဆက်စပ်နေကြပါတယ်။
ဒီ ဗုဒ္ဓဘာသာရဲ့ ဝိနည်းတွေ ကျင့်ထုံးတွေဟာ တပြေးညီတည်းရှိတဲ့အတွက်ကြောင့်
တနိုင်ငံနဲ့တနိုင်ငံ အဲဒီလို ဘာသာစာပေ ယဉ်ကျေးမှုနဲ့ ရောင်ပြန်ဟြပ်ပီး ဖြစ်နေတဲ့
အတွက် မြန်မာပြည်မှာဖြစ်နေတဲ့ အကြောင်းအရာတွေဟာ တိဘက်မှာဖြစ်သလို
ဖြစ်နိုင်တဲ့ အကြောင်းတရားတွေ အများကြီးရှိတယ်။ ထိုနည်းတူပဲ တိဘက်မှာဖြစ်တဲ့ အဖြစ်အပျက်တွေကလည်း မြန်မာပြည်ကို ရောင်ပြန်ဟပ်ဖို့ သဘောတရားတွေ
အများကြီးရှိပါတယ်။ ဘာကြောင့်ပြောရသလဲဆိုတော့ ကျနော်တို့ ထေရဝါဒ ဗုဒ္ဓ
ဘာသာသမိုင်းမှာ သီဟိုဠ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဗမာပြည်က
ခံစားရတယ်။ ယိုးဒယားက ခံစားရတယ်၊ နောက်တခါ ကမ္ဘောဒီးယားက ခံစားရတဲ့
အစဉ်အလာတွေ ရှိပါတယ်။ ဒါကြောင့် တနိုင်ငံနဲ့တနိုင်ငံက ပွင့်ပွင့်လင်းလင်းကြီး တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး ဆက်စပ်နေတယ်လို့ ပြောလို့ရတာတွေ
ရှိပါတယ်။”

ဒီ တရုတ်အစိုးရကလည်း ဒီဆန္ဒပြတဲ့ တိဘက်ဘုန်းတော်ကြီးတွေကို အကြမ်းဖက်
နှိမ်နင်းပါတယ်။ စက်တင်ဘာလတုန်းကတုန်းကလည်း ဒီလိုပဲ မြန်မာစစ်အစိုးရက
နှိမ်နင်းခဲ့ပါတယ်။ အဲဒီတော့ ဒီ တရုတ်အစိုးရက မြန်မာစစ်အစိုးရရဲ့ လုပ်နည်းလုပ်ဟန်
တွေကို ယူပြီးတော့ လုပ်တယ်လို့ရော ဆရာ့အနေနဲ့ မြင်ပါမလား။

“အဲဒါက မြန်မာအစိုးရရဲ့ ထုံးတမ်းစဉ်လာကို ယူပြီးတော့ တိဘက်နိုင်ငံ ရဟန်းတော်
များကို ဖိနှိပ်တယ် ဆိုတာကလည်း ကျနော်တို့ ယူဆလို့ ရပါတယ်။ သို့သော် တရုတ်
ပြည် အခြေအနေနဲ့ ကျနော်တို့ မြန်မာပြည်အခြေအနေနဲ့ မတူပါဘူး။ တရုတ်ပြည်မှာက
အခု ဖြစ်နေတဲ့ လက်ရှိ အင်အားနဲ့ သုံးနေတယ်ဆိုတာလည်း မြန်မာရဲ့ သြဇာလွှမ်းမိုးမှု
ထက် ကျနော်တို့ တရုတ်နိုင်ငံက ဘယ်နည်းနဲ့မှ တရုတ်ပြည်ကို လွတ်လပ်ခွင့် မပေးဘူး
ဆိုတဲ့ အဲဒီ တရုတ်ပြည်ကလုပ်ထားတဲ့ အစဉ်အလာကို လက်တွေ့ အကောင်အထည် ဖော်တဲ့သဘောသာ ဖြစ်တယ်။ အမှန်အားဖြင့် တိဘက်နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတခု
ဖြစ်လာတာ နှစ်ပေါင်းမြောက်များစွာကပဲ၊ သမိုင်းဆက်တွေ သာဓကရှိပါတယ်။”

ဒါကတော့ တိဘက်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ သံဃာတော်တွေရဲ့ ဆန္ဒပြမှုတွေနဲ့ တရုတ်
အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေနဲ့ပတ်သက်ပြီး နယူးယောက်ခ်တက္ကသိုလ် အငြိမ်းစား
ပါမောက္ခ ဒေါက်တာအေးကျော်က သုံးသပ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG