သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းသည့် မြန်မာနိုင်ငံအဖြစ်  ထိုင်းဝန်ကြီးချုပ် ချီးကျူး


ဗုဒ္ဓဘာသာဝင်ကောင်း စစ်ခေါင်းဆောင်
အုပ်ချုပ်နေတဲ့ မြန်မာပြည်ဟာ ငြိမ်းချမ်းပြီး
တော့ စည်းစနစ်ကျတဲ့ နိုင်ငံဖြစ်တယ်လို့
ထိုင်းဝန်ကြီးချုပ်သစ်က ချီးကျူးလိုက်ပါတယ်။
ဝန်ကြီးချုပ် စမတ် ဆွန်ထရာဝပ် ဒီကနေ့ ပြော
ကြားလိုက်တဲ့ အပတ်စဉ်မိန့်ခွန်းထဲမှာ မြန်မာ
နိုင်ငံနဲ့ ပတ်သက်လာရင် အများအားဖြင့်
တဖက်သတ်ပဲ မြင်လေ့ရှိကြတယ်၊ အဆိုး
အကောင်း နှစ်ဖက်စလုံးကို ကြည့်သင့်တယ်
လို့လည်း ထည့်သွင်း ပြောဆိုသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဗုဒ္ဓဘာသာဝင် ကောင်းတယောက်ဖြစ်တယ်၊ နေ့စဉ်နေ့တိုင်း
တရားမှန်မှန်ထိုင်တယ်။ ဘုရားမှန်မှန်ရှိခိုး
တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က သရုပ်
ဖော် ပြောဆိုသွားပါတယ်။

အမေရိကန်နဲ့ အီးယူအပါအဝင် အနောက်တိုင်းကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းညံ့ဖျင်းမှု၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းအရ အနိုင်ရတဲ့အစိုးရကို အာဏာလွှဲပြောင်းပေးဖို့ ပျက်ကွက်တဲ့အတွက် စစ်အစိုးရကို စီးပွားရေးအရ၊ နိုင်ငံရေး
အရ ဒဏ်ခတ် အရေးယူထားပါတယ်။ ဒါပေမဲ့လို့ ထိုင်းနိုင်ငံနဲ့ တခြား အာဆီယံ
အသင်းဝင် နိုင်ငံများစွာတို့က စစ်အစိုးရကို သိပ်ဝေဖန်လေ့မရှိဘဲ မြန်မာပြည်မှာ
ငွေရင်းနှီးမြုပ်နှံကြဖို့ အားပေးတိုက်တွန်းနေကြပါတယ်။

XS
SM
MD
LG