တိဗက် လာဆာမြို့မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတွေကနေ အကြမ်းဖက်မှုတွေအသွင် ကူးပြောင်း သွားတဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပြီးနောက်ပိုင်း (၂) အကြာ လာဆာမြို့ဟာ အေးအေး ဆေးဆေး ရှိနေပြီဖြစ်တယ်လို့ တရုတ်က ပြောဆိုလိုက်ပါတယ်၊ ဒါ့အပြင် ဒီဆန္ဒပြမှုတွေဟာ ဘုန်းတော်ကြီး ဒလိုင်းလာမားကြေင့် ဖြစ်ပွားခဲ့ရတာလို့ တရုတ်က စွတ်စွဲပြောဆိုလိုက်ပါတယ်၊ ဘီဂျင်းမြို့က ဗီအိုအေသတင်းထောက် စတက်ဖနီ ဟိုး သတင်းပေးပို့ထားတဲ့ အတိုင်း ဒေါ်ညိုညိုလွင်က တင်ဆက်ပါတယ်။
အကြမ်းဖက် နှိမ်နင်းထိမ်းသိမ်းရေး တရုတ်ရဲတွေဟာ တအိမ်ဝင်တအိမ်ထွက် ရှာဖွေနေတဲ့ ပုံတွေကို လာဆာမြို့ က နိုင်ငံတကာ ရုပ်မြင်သံကြား သတင်း တွေမှာ တနင်္ဂနွေနေ့က ပြသနေပါတယ်။
တိဘက်ကို တရုတ်က အုပ်ချုပ်နေမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပျြွငတွေကို ရက်အတန်ကြာ ငြိမ်းငြိမ်းချမ်းချမ်း ပြုလုပ် ခဲ့ကြပြီးနောက်ပိုင်း သောကြာနေ့ကတော့ လာဆာမြို့ မှာ အကြမ်းဖက်မှုတွေအသွင် ပြောင်းသွားခဲ့ပါတယ်၊ အဆောက်အဦးတွေ နဲ့ ကားတွေကို မီးရှို့ဖျက်ဆီးခဲ့တယ် အနည်းဆုံး လူ ၁၀ ဥိးလောက်သေဆုံးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ခန့်မှန်းပြောဆိုခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေကတော့ ဒီအကြမ်းဖက်မှုတွေဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်နေတဲ့ ပြည်ပရောက် တိဗက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား အုပ်စုက ပြုလုပ်တာဖြစ်တယ်လို့ ဆက်လက် စွတ်စွဲခဲ့ပါတယ်။
ဒရမ်ဆာလာ အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ တိဗက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဌာန က အူဂျင် တန်ဇင် က ဒီစွတ်စွဲမှုဟာ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုသာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့က ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားကို စွတ်စွဲတာဟာ လုံးဝကိုမှားပါတယ်၊ ဒါဟာမမှန်ပါဘူး၊”
တိဗက်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစေချင်တဲ့ ဘုန်းတော်ကြီးဒလိုင်းလားမားနဲ့ တရုတ်အစိုးရတို့ ယုံယုံကြည်ကြည် ဆွေးနွေးညှိနှိုင်း သင့်တာတွေကို ပျက်စီးစေတယ်၊ ဒါ့အပြင် ဘုန်းတော်ကြီးဒလိုင်းလားမားကို လည်း တိဗက်လွတ်လပ်ရေးအတွက် မျှော်လင့်နေသူဖြစ်တယ်လို့ တရုတ်က စွတ်စွဲခဲ့တယ်လို့ တန်ဇင် က ဆိုပါတယ်။
တရုတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ တရုတ်သတင်းဌာနတွေက မေးမြန်းချက်တွေကို ဖြေကြားဘို့ ငြင်းဆိုခဲ့ပါတယ်။
သတင်းအချက်အလက် ထိမ်းချုပ်တာတွေဟာ ဒီအဖြစ်အပျက်အတွက် အရေးကြီးတဲ့ လက္ခဏာ ရပ်ဖြစ်ပါတယ်၊ နိုင်ငံတကာသတင်းတွေမှာပါရှိတဲ့ လာဆာမြို့ မငြိမ်မသက်ဖြစ်နေတဲ့သတင်းတွေကို တရုတ်နိုင်ငံတွင်းမှာ ဖြတ်တောက်ထားပါတယ်၊ အင်တာနက် ဘလောက်ဂ်တွေပေါ်က ပုံတွေကိုလည်း အလျင်အမြန် ဖယ်ရှားပစ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဘာကလေ မှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က တရုတ် အင်တာနက် အစီအစဉ်ရဲ့ ညွှန်ကြားရေးမှုး ဇီယိုကွင်း က တရုတ်အစိုးရအနေနဲ့ သူတို့ရဲ့ အားနည်းချက်တွေကို ကမ္ဘာက မမြင်စေလိုဘူးလို့ ပြောဆိုခဲ့ပါတယ်။
တချိန်ထဲမှာပဲ ကမ္ဘာတ၀ှမ်းလုံးက ခေါင်းဆောင်တွေကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေနဲ့ မဖြေရှင်ဘို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်၊ ဒါ့အပြင် အပြည်ပြည်ဆိုင် ရာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း တိဗက်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေအပေါ် အချက်အလက်တွေ ရှာဖွေနိုင်ဘို့အတွက် ကုလသမဂ္ဂက ကိုယ်စားလှယ် စေလွှတ်သင့်တယ်လို့ တိုက်တွန်းလိုက်ကြပါတယ်၊
အခုလို မငြိမ်သက်မှုတွေနဲ့ အကြမ်းဖက်နျိမ်နင်းမှုတွေ ဖြစ်ပေါ်ခဲ့ရတာဟာ တရုတ်အတွက် အချိန်ကောင်း မဖြစ်ခဲ့ပါဘူး တရုတ်က့  သြဂုတ်လမှာ ပြုလုပ်မဲ့ အိုလမ်ပစ်ပွဲတော်မှာ သူတို့ရဲ့ စညိးလုံးမှုကိုပြချင်နေတာပါ။ ဒီအကြမ်းဖက်မှုတွေဟာ တရုတ်အိုလမ်ပစ်ပွဲတော် အခန်းအနား အတွက် တိဗက်တွေကိုယ်တိုင် ပါဝင်ချီတက်မဲ့ အိုလမ်ပစ် မီးတိုင်ထွန်းညှိပွဲ မစတင်မီ နှစ်ပတ်အလို မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်ရှင်