သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်ဆန္ဒပြသူတွေ အညံ့ခံကြဖို့ အာဏာပိုင်တွေက ရာဇသံပေး


ရာဇ၀တ်မှုတွေ အကြီးအကျယ် ကျူးလွန်ခဲ့တဲ့ တိဘက်ဆန္ဒပြသူတွေအနေနဲ့ သတ်မှတ်ထား
တဲ့ သန်းကောင်ယံအချိန်မတိုင်မီ အဖမ်းခံဖို့
ပျက်ကွက်ခဲ့ရင် ကြီးလေးတဲ့ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တိဘက်ပြည်နယ် တရုတ်အုပ်ချုပ်ရေးမှူးက ပြောဆိုလိုက်ပါ
တယ်။

သတ်မှတ်ထားတဲ့အချိန်မတိုင်မီ အညံ့ခံ၊
အဖမ်းခံပြီးရင် ဆန္ဒပြပွဲမှာ ပါဝင်ပတ်သက်ခဲ့
သူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပေးမယ်ဆိုရင်တော့ အဲဒီ အညံ့
ခံတဲ့လူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်လို့ တိဘက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကွန်မ်ပါ
ဖွန်ချွတ်က် (Champa Phuntsok) က သတင်းထောက်တွေကို ဒီနေ့ ပြောဆိုလိုက်ပါ
တယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လာဆာမြို့မှာ ဆန္ဒပြသူတွေက လူ ၁၃ ယောက်ကို သတ်ပစ်ခဲ့တယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အပြစ်မဲ့ အရပ်
သားတွေကို မီးရှို့တာတွေ ဒါမှမဟုတ် ရိုက်သတ်တာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါ
တယ်။

တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက ဒီဆန္ဒပြပွဲတွေကို အင်အားသုံးပြီး နှိမ်နင်းခဲ့တာ မရှိဘူး
လို့လည်း ငြင်းဆိုလိုက်ပါတယ်။

အိန္ဒိယအခြေစိုက် ပြည်ပရောက် တိဘက်အစိုးရကတော့ ဒီဆန္ဒပြပွဲတွေအတွင်း လူ ၈၀
ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။ အသေအပျောက်သတင်းကတော့
အခုထိ အတည်ပြုလို့ မရသေးပါဘူး။

ဆန္ဒပြပွဲမှာ ပါဝင်တယ်လို့ မသင်္ကာရသူတွေကို တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက တအိမ်
တက်ဆင်း ပိုက်စိတ်တိုက်ရှာဖွေနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG