သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စီးပွားရေး မရေရာမှုဂယက် ဥရောပ-အာရှဈေးကွက် ထိုးကျ


အမေရိကန်စီးပွားရေး ကျဆင်းတဲ့အထိ ရောက်သွားစေမယ့် အန္တရာယ်ဖြစ်နေတဲ့ ချေးငွေအကျပ်အတည်း လွှဲရှောင်နိုင်ရေး
အတွက် အမေရိကန် ဗဟိုဘဏ်က လုပ်
ဆောင်လိုက်ပြီး နာရီပိုင်းအကြာမှာပဲ ဒီနေ့ အာရှဈေးကွက်မှာ စတော့ဈေးများ သိသိ
သာသာကျဆင်းပြီး ဒေါ်လာဈေးလည်း
ကျကာ ဈေးပိတ်သွားပါတယ်။

ဂျပန်စတော့ဈေးကွက်များမှာ ၄ ရာခိုင်နှုန်း
နီးပါး၊ ဟောင်ကောင်မှာ ၅ ရာခိုင်နှုန်းကျော် ကျခဲ့ကြပါတယ်။ ဈေးကွက်တွေကတော့
ဥရောပမှာ ၂ ရာခိုင်နှုန်း ဈေးကျပြီး ဈေးဖွင့်
ခဲ့ပါတယ်။

အမေရိကန် Wall Street ဈေးကွက်မဖွင့်ခင်မှာလည်း အမေရိကန် စတော့ဈေးကွက်မှာ ဈေးကျနေနှင့်ပြီ ဖြစ်ပါတယ်။

ဒေါ်လာနဲ့ ဂျပန်ယန်းငွေ လဲလှယ်နှုန်းထားဟာ ၁၂ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းသွားပြီး ရေနံဈေးကလည်း အာရှမှာ တပီပါကို ၁၁၂ ဒေါ်လာပေါက်လို့ စံချိန်တင်လောက်အောင် မြင့်မားနေပါတယ်။

တနင်္ဂနွေနေ့နှောင်းပိုင်းမှာ အမေရိကန်ဗဟိုဘဏ်က ငွေကြေးလုပ်ငန်းများသို့ ငွေချေး
နှုန်းထား ဖြတ်တောက်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

JPMorgan Chase ဘဏ်ကလည်း ပြိုင်ဘက် ငွေပြတ်နေတဲ့ Bear Stearns ဘဏ်ကို
ဈေးလျှော့ပြီးဝယ်ဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG