သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်ရဲ့ ဖွဲ့စည်းပုံဥပဒေ ကန့်ကွက်ရေးကို အန်န်အယ်လ်ဒီ ကြိုဆို


မြန်မာစစ်အစိုးရဘက်က တဖက်သတ်ရေးဆွဲနေ
တဲ့ အခြေခံဥပဒေကို အမေရိကန်ပြည်ထောင်စုက လက်မခံဖို့အတွက် အမေရိကန်လွှတ်တော်မှာ
ကြိုးပမ်းနေတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
က ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံကို အတည်ဖြစ်စေမယ့် လူထုဆန္ဒခံယူပွဲကိုတော့ သပိတ်မှောက်မှာမဟုတ်ပါဘူးလို့ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။
အကြောင်းစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်း
ထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

အမေရိကန်လွှတ်တော်က စစ်အစိုးရ တဖက်သတ်
ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်မခံဖို့
လွှတ်တော်မှာ ကြိုးပမ်းနေတဲ့ကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုလိုက်ပါ
တယ်။

“အမေရိကန်ရဲ့သဘောထားမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို Reject လုပ်ဖို့ပြောတာ ပြောသင့်ပြောထိုက်တယ်လို့ အန်ကယ်တို့ယူဆတယ်။ ကျနော်တို့အဖွဲ့ချုပ်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲထားတာ ဒီမိုကရေစီရော၊ လူ့အခွင့်အရေးရော ဖော်
ဆောင်နိုင်မှုမရှိဘူးလို့ ယုံကြည်တဲ့အတွက် လက်မခံဘူး။ ဒါကြောင့် ဒီလိုဆွေးနွေးတာ
တွေကို ကြိုဆိုပါတယ်။”

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း စစ်အစိုးရရဲ့ ဖွဲ့စည်းပုံကို လက်မခံကြ
ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆောင်ရွက်ဖို့ သမ္မတဘုရှ်ကို အမေရိကန် လွှတ်တော်အမတ်တွေက တိုက်တွန်းပြောဆိုနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး
ဦးဉာဏ်ဝင်းက …

“ဒါ အားတက်ဖွယ်ရာပဲလေ။ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့လည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေ
မှာ အားလုံးပါဝင်နိုင်ရေးကို အစကတည်းက ပြောဆိုထားတယ်၊ အစကတည်းက သဘောတူထားတယ်။ အားလုံးပါဝင်နိုင်တဲ့အခါ လိုအပ်တဲ့ဟာတွေ လုပ်နိုင်တာပေါ့။
အားလုံးမပါဝင်တဲ့အခါ တဖက်သတ်ဖြစ်တယ်။ ဒီတဖက်သတ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ကြီးကို လက်မခံထိုက်ဘူးဆိုတာကတော့ ရှင်းပါတယ်။”

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံရေးကိစ္စနဲ့ပတ်သက်ပြီး ကြိုဆိုနေချိန်
မှာပဲ ဖွဲ့စည်းပုံကို အတည်ဖြစ်စေမယ့် လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်ရဲ့ ရှင်းလင်းတဲ့သဘောထားကို မေးတဲ့အခါမှာတော့ …

“ဒီသဘောထားကို အဖွဲ့ချုပ်အနေနဲ့ သိပ်မကြာခင်မှာ ထုတ်ပြန်ပါ့မယ်။ ထုတ်မပြန်ခင်
တော့ အန်ကယ်တို့ပြောနိုင်တာ တခုပဲရှိတယ်။ အန်ကယ်တို့က Boycott တော့မလုပ်
ဘူး။ ဒါပေမယ့် ဘယ်လိုလုပ်သင့်တယ်ဆိုတာ လိုအပ်တဲ့ဟာကိုတော့ ထုတ်ပြန်ပါ့မယ်။”

မေလ လူထုဆန္ဒခံယူပွဲကို သပိတ်မှောက်မှုမလုပ်ဘူးဆိုပြီး အန်န်အယ်လ်ဒီက ဆိုလိုက်
တာကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်သလို မဖြစ်ဘူးလားလို့ မေးတဲ့အခါမှာတော့ …

“ပယ်ဖျက်တယ်၊ မပယ်ဖျက်ဘူးဆိုတဲ့ ပြဿနာမရှိဘူး။ ပြဿနာက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ဖြစ်မဖြစ်ဆိုတာပဲရှိတယ်။ အန်ကယ်တို့
အဲလိုပဲမြင်ပါတယ်။”

မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကမ္ဘာကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အမေရိကန်ပြည်ထောင်စုကနေ လက်မခံဘူးဆိုရင် မြန်မာနိုင်ငံမှာ ဘယ်လိုအတိုင်း
အတာအထိ သက်ရောက်မှုတွေ ဖြစ်သွားနိုင်ပါသလဲလို့ မေးကြည့်တော့ …

“အများကြီးရှိတာပေါ့။ လုံခြုံရေးကောင်စီက ဒါနဲ့ပတ်သက်ပြီး Reject လုပ်ဖို့
ပြောမယ်။ ပြောတဲ့အခါ သတင်းဌာနတွေရော၊ နိုင်ငံတကာကလည်း ဒါတွေကို
ထပ်ဆင့်ပြောမယ်။ ဒါတွေဟာ ပြည်သူကြားမှာ စိမ့်ဝင်သွားရင် အများကြီး အကျိုးရှိပါ
တယ်။”

အခုဆိုရင် မြန်မာစစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး သပိတ်မှောက် ဆန့်ကျင်
တဲ့ အသံတွေလည်း ရှိနေသလို မဲရုံကိုသွားပြီး ကန့်ကွက်မဲထည့်ကြ ဆိုတဲ့အသံတွေ
လည်း ထွက်ပေါ်နေပါတယ်။ ဒီအခြေအနေတွေကြောင့် လူထုတွေကြားထဲမှာ ရှင်းလင်း တိကျတဲ့အဖြေရှိဖို့ လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်လူထုတွေက ပြောဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG