သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်ဆန္ဒပြသူများ အဖမ်းခံရန် သတ်မှတ်ချိန်ကုန်လွန်၊ လူထု စိုးရိမ်လျက်ရှိ


တိဘက်က ဆန္ဒပြသူတွေကို လာပြီး အဖမ်းခံ
ရင်ခံ၊ မခံရင် ပြင်းပြင်းထန်ထန် အပြစ်ပေး
မယ်လို့ တရုတ်အစိုးရအရာရှိတွေက
သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်
သန်းခေါင်ယံ လွန်သွားခဲ့ပါပြီ။

ခွင့်ပြုချက်မရဘဲ အပြင်ထွက်သူ ဘယ်သူမဆို
လာရှာမြို့မှာ အဖမ်းခံကြရပါတယ်။ စစ်သား
တွေက လမ်းတွေမှာ ကင်းလှည့်နေပြီး ပြီးခဲ့
တဲ့ သီတင်းပတ် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာ
ပါဝင်ခဲ့တဲ့ ဆန္ဒပြသူတွေကို အာဏာပိုင်တွေ
က တအိမ်တက်ဆင်း ရှာဖွေနေကြပါတယ်။

သန်းခေါင်ယံသတ်မှတ်ချိန်လွန် အဖမ်းအဆီးတွေကို လာရှာမှာနေထိုင်သူတွေ
ကြောက်ရွံ့နေကြကြောင်း အမေရိကန်အခြေစိုက် International Campaign for Tibet
အဖွဲ့က ဆိုပါတယ်။

သတ်မှတ်ချိန်မတိုင်မီ အဖမ်းခံပြီး သတင်းပေးသူတွေကို လျှော့ပေ့ါအပြစ်ပေးမယ်လို့
တိဘက် အုပ်ချုပ်ရေးမှူး ကွမ်ဘာ ပွန်ကော့ဂ် (Qiangba Puncog) က ဆိုပါတယ်။

ဆန္ဒပြသူတွေက အပြစ်မဲ့ပြည်သူ ၁၃ ယောက်ကို သတ်ခဲ့တယ်လို့ တရုတ်အာဏာပိုင်
တွေက ဆိုပေမယ့် ပြည်ပရောက် တိဘက်အုပ်စုတွေကတော့ အာဏာပိုင်တွေကြောင့်
အနည်းဆုံး လူ ၈၀ အသတ်ခံခဲ့ရတယ်လို့ ပြောကြပါတယ်။

ဒီအချိန်မှာ ဆန္ဒပြပွဲတွေဟာ လာရှာကနေ တရုတ်ပြည်ရဲ့ တခြားဒေသတွေအထိ ပျံ့နှံ့
သွားခဲ့ပါတယ်။ ဘေဂျင်းမှာ တိဘက်ကျောင်းသားတွေက တရုတ်ပြည်တလွှား တိဘက်
တွေရှိတဲ့ ဒေသတွေမှာဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေနဲ့ သွေးစည်းညီညွတ်ကြောင်း ပြသ
သောအားဖြင့် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ ကျင်းပလိုက်ကြပါတယ်။ ဘေဂျင်းမြို့ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှာ တိဘက်ကျောင်းသားတွေက ထိုင်ဆန္ဒပြခဲ့ကြတာ
ပါ။ သတင်းထောက်တွေကို ကျောင်းသားတွေနဲ့ မတွေ့ရအောင် လုံခြုံရေးတပ်ဖွဲ့တွေက တားခဲ့ကြပါတယ်။

ဒီသတင်းနဲ့အတူ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က သတင်းတွေကို ပိတ်ဆို့
တဲ့အတွက် တရုတ်နိုင်ငံကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အိုလံပစ်မတိုင်မီမှာ သတင်း
ထောက်တွေ လွတ်လပ်စွာ သွားလာနိုင်ရေးဟာ အရေးကြီးပေမယ့် တိဘက်တော်လှန်
ရေးကို တရုတ်အာဏာပိုင်တွေက သက်သေဖျောက် ချေမှုန်းဖို့ တရုတ်က ပြင်ဆင်နေ
ပြီလို့ အဲဒီအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တကယ်လို့ တရုတ်ပြည်က ပိုမိုပွင့်လင်း၊ မြင်နိုင်တဲ့ပုံရိပ်ကို ရလိုတယ်ဆိုရင် တိဘက်
သတင်း အစီရင်ခံတာတွေကို ဝင်ရောက်နှောင့်ယှက် မပိတ်သင့်ဘူးလို့ တရုတ်ပြည်
နိုင်ငံခြားသတင်းထောက်များကလပ်ဥက္ကဋ္ဌ မယ်လင်ဒါ လီယူ (Melinda Liu) က ဆိုပါ
တယ်။ သတင်းထောက် ၂၅ ယောက်လောက်ကို ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ လာရှာနဲ့
ဇန်ဟီးက ထွက်သွားဖို့ အမိန့်ပေးခဲ့တယ်လို့ ဆက်လက်ပြောကြားပါတယ်။
ဟောင်ကောင် စာနယ်ဇင်းသမားများ အဖွဲ့ကလည်း မီဒီယာအဖွဲ့ ၆ ဖွဲ့ ထွက်သွားဖို့ အမိန့်ပေးခံခဲ့ရတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG