သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမှာ တီဘီရောဂါတိုက်ဖျက်ရေး နှေးကွေးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစီရင်ခံ


ကမ္ဘာတဝှမ်း တီဘီ အဆုတ်နာရောဂါ ဖြစ်ပွား
မှုနှုန်းက ကျဆင်းနေကြောင်း ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့ကြီး (WHO) ရဲ့ အစီရင်ခံစာက ဆိုပါ
တယ်။ ရောဂါတိုက်ဖျက်မှုပိုင်းမှာတော့
တိုးတက်မှုနှုန်း နှေးကွေးနေသေးတယ်လို့
ဆိုပါတယ်။ ဗွီအိုအေသတင်းထောက် မန်ဒီ
ကလာ့က် (Mandy Clark) လန်ဒန်ကနေ သတင်းပေးပို့ထားတာကို ဦးတင်မောင်သန်း
က တင်ပြထားပါတယ်။

တီဘီဟာ ရောဂါပိုးက လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ လူ ၉ သန်းကျော် ရောဂါကူးစက်ခဲ့ပြီး
လူနာ ၁ သန်းခွဲ သေဆုံးခဲ့ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နောက်ဆုံးအစီရင်ခံစာမှာ သတင်းကောင်းတချို့ ပါဝင်ပါတယ်။ အဲဒါကတော့ တီဘီ
ကူးစက်မှုနှုန်းက နှေးသွားပြီ ဆိုတာပါပဲ။

တကယ်လို့ ရောဂါကို ရှာဖွေသတ်မှတ်ရာမှာ ပိုကောင်းမွန်မလာဘူးဆိုရင် တိုးတက်မှု
က ရပ်ဆိုင်းသွားမှာပါပဲလို့ အစီရင်ခံစာ ရေးသားသူတယောက်ဖြစ်တဲ့ ကက်သရင်း
ဖလွိုက်ဒ် (Katherine Floyd) က လန်ဒန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“တရုတ်ပြည်မှာ ရှိနေတယ်လို့ ကျမတို့ ခန့်မှန်းထားတဲ့ ရောဂါသည်ပေါင်းရဲ့ ၈၀ % ကို
သူတို့ ရှာဖွေ၊ ကုသပါတယ်။ ၂၀၀၅ နဲ့ ၂၀၀၆ မှာ ဒီကိန်းဂဏန်းက မပြောင်းပါဘူး။
ရှိဆဲရောဂါသည်တွေကို တိုင်းပြည်တွေက ပိုမိုမရှာဖွေနိုင်ခဲ့ဘူးဆိုခဲ့ရင် တိုးတက်မှုနှုန်း
က တက်လာမှာမဟုတ်ပါဘူး။”

တီဘီရောဂါကို တိုက်ဖျက်ရာမှာ၊ ရောဂါသည်အသစ် ရှာဖွေရာမှာ မအောင်မြင်တာနဲ့ တမျိုးသားလုံးဆိုင်ရာ တီဘီတိုက်ဖျက်ရေး အစီအစဉ်တွေကို ရန်ပုံငွေထောက်ပံ့မှု
ကင်းမဲ့တာတွေက တိုးတက်မှုနှေးကွေးတာရဲ့ အဓိကအကြောင်းတွေပါပဲလို့ သူမက
ပြောပါတယ်။

ရန်ပုံငွေထောက်ပံ့ရာမှာ လိုတာနဲ့ ထောက်တာ အကွာအဟ ဒေါ်လာသန်းပေါင်း
၁,၀၀၀ ရှိနေပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ ကမ္ဘာ့နေရာအများ
အပြား အထူးသဖြင့် အာဖရိကမှာ တီဘီနဲ့ အိပ်ချ်အိုင်ဗွီရောဂါပိုး ၂ ခု တွဲနေတာကြောင့်
တီဘီရောဂါပျံ့နှံ့မှု ပိုဆိုးစေပါတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အိပ်ချ်အိုင်ဗွီပိုးရှိနေတဲ့ တီဘီလူနာတွေကို ကုသရတာ စိန်ခေါ်ချက်တရပ် ဖြစ်မြဲဖြစ်နေ
ဆဲပါပဲလို့ ဖလွိုက်ဒ်က ပြောပါတယ်။ ဒါပေမယ့် တချို့တိုင်းပြည်တွေကတော့ ဒီ အမြွှာ
ရောဂါကို ကျော်လွှားနေကြပါတယ်လို့ သူက အခုလို ဆက်လက်ပြောကြားပါတယ်။

“အထူးသဖြင့် အာဖရိကက တီဘီလူနာတွေကို အိပ်ချ်အိုင်ဗွီရောဂါပိုး ရှာဖွေပေးတာ
အများကြီး တိုးတက်နေပါပြီ။ တီဘီလူနာတွေဘက်ကလည်း အိပ်ချ်အိုင်ဗွီ အစမ်းခံချင်
တဲ့ ဆန္ဒရှိကြောင်း ပြသခဲ့တဲ့အတွက်ကြောင့်ပါ။ ဒါက လွန်ခဲ့တဲ့ ၅ နှစ်၊ ၁၀ နှစ်အတွင်း
အပြောင်းအလဲ ဖြစ်ကောင်းဖြစ်မှာပါ။ အိပ်ချ်အိုင်ဗွီအတွက် ကုထုံးကလည်း ရှိလာတဲ့
အတိုင်း ကိုယ့်မှာ အိပ်ချ်အိုင်ဗွီ ရှိမရှိ ပိုပြီးသိဖို့ အကြောင်းသင့် အကျိုးသင့် ဖြစ်လာ
တာပေါ့။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တခြားမျှော်လင့်ချက် လက္ခဏာတွေကိုလည်း ကိုးကား ပြောဆိုပါသေးတယ်။ ၁၉၉၀ အဆင့်နဲ့နှိုင်းယှဉ်ရင် ၂၀၁၅ မှာ တဝက်လျှော့ချနိုင်ဖို့
တကမ္ဘာလုံး ရည်မှန်းချက် သတ်မှတ်ထားတဲ့အတိုင်း ဒေသတော်တော်များများဟာ
ပြည့်မီမယ့်လမ်းကြောင်းပေါ် ရောက်လို့လာနေကြပါပြီ။ အဲဒီဒေသတွေထဲမှာ အရှေ့
တောင်အာရှ၊ အနောက်ပစိဖိတ်ဒေသ၊ အရှေ့မြေထဲပင်လယ်ဒေသနဲ့ အမေရိကတိုက်
ဒေသတွေ ပါဝင်ပါတယ်။

ဒါပေမယ့် တီဘီဒဏ် အခံရဆုံးဒေသတွေက ရောဂါကို နှိမ်နင်းနိုင်ဖို့ မျှော်လင့်တယ်
ဆိုရင် ရန်ပုံငွေ ပိုလိုသလို တီဘီရောဂါ တိုက်ဖျက်ရေးကို မြှုပ်နှံလုပ်ဆောင်မယ့်
စိတ်ဓာတ်လည်း ပိုလိုအပ်ပါလိမ့်မယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG