သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ငွေကြေးဈေးကွက် တည်ငြိမ်ရေး လိုအပ်က အစိုးရ စွက်ဖက်ဦးမည်


အခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့ အမေရိကန် ဘဏ္ဍာရေးဈေးကွက်ကို တည်ငြိမ်အောင်
ထိန်းနိုင်ဖို့ အမေရိကန်အစိုးရအနေနဲ့
နောက်ထပ် လိုအပ်တဲ့ဆောင်ရွက်မှုတွေကို
လုပ်သင့်ရင် လုပ်သွားမယ်လို့ အမေရိကန်သမ္မတ
ဘုရှ်က ပြောကြားလိုက်ပါတယ်။ အမေရိကန် စတော့ဈေးကွက်မှာ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု
ဘဏ်ကြီးတခု ပြိုပျက်သွားမယ့်အရေးကနေ
တာဝန်ရှိသူတွေက ဒေါ်လာ ၃၀ ဘီလီယံ
ကျားကန်ပေးပြီး ကယ်ဆယ်ခဲ့ရတဲ့ နောက်တနေ့
မှာပဲ အမေရိကန်သမ္မတက အခုလိုပြောကြား
လိုက်တာပါ။ အကြောင်းစုံကို ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Scott Stearns သတင်းပေးပို့ထားတာကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဘဏ္ဍာရေးဈေးကွက်မှာ အခြေအနေတွေ ကမောက်ကမ ဖြစ်မသွားအောင်နဲ့ အမေရိ
ကန် စီးပွားရေးအတွက် အရေးကြီးနေတဲ့အချိန်မှာ ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန
တို့ကနေ မြန်မြန်ဆန်ဆန်ဝင်ပြီး အခြေအနေကို ထိန်းပေးခဲ့တယ်လို့ သမ္မတဘုရှ်က
ပြောခဲ့ပါတယ်။

“တကယ်လို့ နောက်ထပ် ဆောင်ရွက်ဖို့လိုအပ်မယ်ဆိုရင်လည်း ကျနော်တို့ရဲ့ ရေရှည်
စီးပွားရေးကို မထိခိုက်စေမယ့် နည်းတွေကိုသုံးပြီး ကူညီထောက်ပံ့မှုတွေ လုပ်သွားပေး
မှာပါ။ ကျနော်တို့တိုင်းပြည်ရဲ့ စီးပွားရေးကို အမေရိကန်လူမျိုးတွေ အယုံအကြည်ရှိနေဖို့ လိုအပ်ပါတယ်။”

အမေရိကန်ပြည်သူတွေအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ပူပန်မနေကြ
အောင် သမ္မတက စီးပွားရေးနဲ့ပတ်သက်ပြီး ငါးရက်အတွင်း လေးကြိမ်မြောက် လူသိ
ရှင်ကြား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်လအတွင်း အမေရိကန်မှာ အလုပ်လက်မဲ့ဦးရေ ရှစ်သောင်းအထိ တိုးခဲ့သလို ဓာတ်ဆီဈေးတွေ၊ အစားအသောက်ဈေးတွေကလည်း တက်လာပါတယ်။ အမေရိကန်
မှာ နိုဝင်ဘာလကျရင် သမ္မတရွေးကောက်ပွဲတွေ လုပ်တော့မှာမို့ သမ္မတရွေးပွဲအတွက် အရေးအကြီးဆုံးကိစ္စဟာ အမေရိကန်စီးပွားရေးကိစ္စဖြစ်တယ်လို့ ပြည်သူ ၄၂% က
ထင်မြင်ကြောင်း စီအန်န်အန်န်က ပြုလုပ်ခဲ့တဲ့စစ်တမ်းမှာ ဖော်ပြပါတယ်။ ဒီအရေ
အတွက်ဟာ အမေရိကန်စစ်ပွဲကိစ္စက အရေးကြီးတယ်လို့ ထင်မြင်သူအရေအတွက်ရဲ့ နှစ်ဆဖြစ်ပါတယ်။

အမေရိကန်စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးစေတဲ့ အဓိကအကြောင်းတခုက
အိမ်ခြံမြေ အကြွေးဆုံးတွေကြောင့် ဖြစ်ပါတယ်။ ပြန်ညှိပေးတဲ့ အတိုးနှုန်းတွေကလည်း
အခုအခါမှာ တက်နေတဲ့အတွက် အကြွေးပြန်မဆပ်နိုင်ကြတဲ့ အိမ်ပိုင်ရှင်တချို့ကို ကူညီ
နိုင်ဖို့လည်း အစိုးရက ဆောင်ရွက်နေပါတယ်လို့ သမ္မတဘုရှ်က ပြောပါတယ်။

“အိမ်ခြံမြေဈေးကွက် မတည်မငြိမ်ဖြစ်နေလို့ အမေရိကန်စီးပွားရေးမှာ ရေတို အကျပ်
အတည်း တွေ့နေရတာပါ။ ဒီ့အတွက် အာရုံစိုက်ပြီး လုပ်သင့်တဲ့ဆုံးဖြတ်ချက်ကို မြန်မြန်
ဆန်ဆန်ချဖို့ လိုပါတယ်။ အခုလည်း အစိုးရက အဓိကပြဿနာက ဘာလဲ၊ မြန်မြန်
ဆန်ဆန်နဲ့ ဘာတွေဆောင်ရွက်နိုင်မလဲ၊ ဘာတွေဆောင်ရွက်ခဲ့သလဲဆိုတာကို သုံးသပ်
ပြီး ဆောင်ရွက်နေတာပါ။”

သက်တမ်း ၈၅ နှစ်ရှိပြီဖြစ်တဲ့ Bear Stearns ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး ပြိုပျက်မသွား
အောင် ဝင်ပြီးကယ်တင်တဲ့ ဆောင်ရွက်မှုဟာလည်း လိုကိုလိုအပ်တဲ့ ဆောင်ရွက်မှု
ဖြစ်တယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လက သမ္မတ အတည်ပြုပေးခဲ့တဲ့ စီးပွား
ရေးကို ကျားကန်ပေးတဲ့ အစီအစဉ်တွေကလည်း ဒီနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုအသစ်
တွေ လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ မိသားစုပေါင်း သန်း ၁၃၀ အတွက် အခွန်
လျှော့ပေါ့မှုတွေ လုပ်ပေးနိုင်ပါလိမ့်မယ်လို့လည်း အမေရိကန်သမ္မတက ပြောကြားပါ
တယ်။

ဒါ့အပြင် အမေရိကန်က ပို့ကုန်အင်အားကို တိုးစေနိုင်ဖို့အတွက် ကိုလံဘီယာနိုင်ငံနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့်ကို လွှတ်တော်က အတည်ပြုပေးပါလို့ သမ္မတက တောင်းဆို
ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG