သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်လွတ်လပ်ရေး လှုပ်ရှားမှုကို နှိမ်နင်းမယ်လို့ တရုတ်က ကတိပေး


တရုတ်အစိုးရက တိဘက်က လွတ်လပ်ရေး လှုပ်ရှားမှုကို ကြံ့ခိုင်ပြတ်သားစွာ ချေမုန်းပါလို့ ဒီကနေ့ထုတ် တရုတ် ကွန်မြူနစ်ပါတီရဲ့ အာဘော် တရုတ်ပြည်သူ့နေ့စဉ် သတင်းစာက ဖော်ပြလိုက်ပါတယ်။ တိဘက်က မကြာသေးခင်က ဆန္ဒပြပွဲတွေကို ဘုန်းတော်ကြီး ဒလိုင်းလားမားက စီစဉ်ခဲ့တာဖြစ်တယ်လို့လည်း တရုတ် ပြည်သူ့နေ့စဉ်သတင်းစာရဲ့ သတင်း သုံးသပ်ချက်မှာ စွပ်စွဲ ရေးသားထားပါတယ်။

တိဘက်ကို တရုတ်နိုင်ငံထဲက ခွဲထွက်အောင်နဲ့ လာမယ့် ဘေဂျင်း နွေရာသီ အိုလံပစ် အားကစားပွဲတော်ကို ပျက်ဆီးအောင် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဒီဆန္ဒပြပွဲတွေ ပေါ်ပေါက် လာခဲ့တာလို့လည်း တရုတ်ပြည်သူ့နေ့စဉ် သတင်းစာမှာ ရေးသားထားပါတယ်။

တိဘက်က ဆန္ဒပြပွဲတွေကို ဖြိုခွင်းနှိပ်ကွက်ဖို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ အထူး တပ်ဖွဲ့တွေကို စေလွှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ သံချပ်ကာ စစ်သားတင်ကားကြီးတွေနဲ့ အထူးတပ်ဖွဲ့ရဲ့ အမှတ်အသားတွေကို ဖော်ပြထားတဲ့ စစ်သုံး မော်တော်ကားတွေ တွေ့ခဲ့ကြရတယ်လို့ တိဘက်မြို့တော် လာဆာက မျက်မြင် သက်သေတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က လာဆာမြို့တော်က အဓိကရုဏ်းတွေမှာ သေဆုံးသူ ၁၉ ယောက် ရှိခဲ့တယ်လို့ ဒီကနေ့ တရုတ်အာဏာပိုင်တွေက ကြေညာပါတယ်။ ပြည်ပက တိဘက် လွတ်မြောက်ရေး လှုပ်ရှားမှု အုပ်စုတွေကတော့ တိဘက် အရေးအခင်းမှာ သေဆုံးသူ ၈၀ ရှိခဲ့ပြီးတော့ အခြား ပြည်နယ်တွေမှာ တိဘက် အရေးအခင်း အကြောင်းပြု ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းတွေမှာလည်း သေဆုံးသူ ၂၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG