သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲမှာ အတိုက်အခံ အနိုင်ရ


ဒီကနေ့ ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲမှာ အတိုက်အခံ Nationalist Party က မ ရင်-ချောင်း (Ma Ying-jeou) မဲ ၅၈ % နဲ့ နိုင်ပြီးတော့ အာဏာရ Democratic Progressive Party က ဖရန့်(က်) ဆဲ (Frank Hsieh) က ၄၂ % ပဲ ရရှိပါတယ်။

စီးပွားရေး အင်အားကောင်းရေး၊ ထိုင်ဝမ် ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေး ဆိုတဲ့ အပြောင်းအလဲများကို မဲဆန္ဒရှင်များက တောင်းဆိုလိုက်ကြတာပဲလို့ အနိုင်ရရှိတဲ့ မစ္စတာ မ (Mr. Ma) က အောင်ပွဲခံ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

သမ္မတ သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့သူ ချန် ရွှေ-ဘီယံ (Chen Shui-bian) ရဲ့ အရိုက်အရာကို သူ ဆက်ခံပါလိမ့်မယ်။ ချန် ရွှေ-ဘီယံ သမ္မတ ဖြစ်နေတဲ့ ၈ နှစ်တာ ကာလအတွင်း တရုတ်က သူနဲ့ စကားဆို ဆွေးနွေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ထိုင်ဝမ် ကုလသမဂ္ဂကို ဝင်ဖို့ လျှောက်ထားရေး၊ ထိုင်ဝမ်နိုင်ငံ အသုံးပြုရေး ဆိုတဲ့ လူထုဆန္ဒခံယူပွဲ တချိန်တည်းမှာ ကျင်းပတာ မဲပေးသူ ၅၀ % ပြည့်မှသာ မဲများကို စတင်ရေတွက်မယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်သမ္မတ ဖြစ်လာတဲ့ မ ရင်-ချောင်းဟာ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားခဲ့တဲ့ ဥပဒေ ပညာရှင် တစ်ဦးဖြစ်ပြီး ၁၉၉၀ ခု လွန်နှစ်များအတွင်း တရားရေးဝန်ကြီးနဲ့ ဌာနလက်ကိုင်မရှိ ဝန်ကြီးများ အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အခု သမ္မတ ဖြစ်နေတဲ့ ချန် ရွှေ-ဘီယံ ကို တိုင်ပေ မြို့တော်ဝန်နေရာမှာ အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG