သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လိုလားသည့် အတိုက်အခံ ခေါင်းဆောင် ထိုင်ဝမ် သမ္မတအဖြစ် ရွေးကောက်ခံရ


ထိုင်ဝမ်အတိုက်အခံပါတီရဲ့ သမ္မတလောင်းဟာ ရွေးကောက်ပွဲမှာ အလွယ်တကူပဲ အနိုင်ရခဲ့ပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ ကတိပေးလိုက်ပါတယ်။

အတိုက်အခံ Nationalist Party ရဲ့ သမ္မတလောင်း မား ယင်းဂ်-ဂျိုး ( ဟာ စနေနေ့ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအရေအတွက်ရဲ့ ၅၈% နဲ့ အနိုင်ရခဲ့တာပါ။ သူဟာ အမေရိကန်က နာမည်ကျော် ဟားဗဒ်တက္ကသိုလ်ထွက် ရှေ့နေတဦးဖြစ်ပြီး တိုင်ပေမြို့ရဲ့ မြို့တော်
ဝန်ဟောင်းလည်းဖြစ်ပါတယ်။

တရုတ်ပြည်မနဲ့ ငြိမ်းချမ်းရေးစာချုပ်တခု ချုပ်ဆိုဖို့အပါအဝင် ဆယ်စုနှစ်ပေါင်းများစွာဖြစ်နေခဲ့တဲ့ တင်းမာမှုတွေ လျော့ပါးစေမယ့် တရုတ်နိုင်ငံဆိုင်ရာမူဝါဒတခုကို ဖော်ဆောင်မယ်ဆိုတဲ့ လမ်းကြောင်းနဲ့ သူ ရွေးကောက်ပွဲဝင်ခဲ့တာပါ။ ဒါပေမယ့် တရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းရေးကိစ္စကို စည်းတခုခြားထားပြီး သူ့ရဲ့သမ္မတသက်တမ်းအတွင်း ဒီကိစ္စကို မဆွေးနွေးဘူးလို့ ကတိပေးခဲ့ပါ တယ်။

နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာ ဆက်ဆံသွားဖို့ ဒီရွေးကောက်ပွဲကနေ အခွင့်အလန်းသစ်တခု ဖန်တီးပေးခဲ့တယ်လို့ အမေရိကန် သမ္မတဘုရှ်ကပြောပါတယ်။

ထိုင်ဝမ်အနေနဲ့ ကုလသမဂ္ဂကို ဝင်ရေး-မဝင်ရေးအတွက်လည်း စနေနေ့ကပဲ လူထုဆန္ဒခံယူပွဲနှစ်ခုလုပ်ခဲ့ရာမှာ ထိုင်ဝမ်မဲဆန္ဒရှင်တွေက ပယ်ချခဲ့ပါတယ်။ ဥပဒေအရလိုအပ်တဲ့ မဲပေးတဲ့မဲဆန္ဒရှင်အရေအတွက် အလုံအလောက်မရှိခဲ့တာကြောင့် ဆန္ဒခံယူပွဲနှစ်ခုစလုံး မအောင်မမြင်ဖြစ်ခဲ့ရတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG