သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဒီမိုကရေစီ ခေတ်သစ်ကို ဦးတည်နေပြီ


ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ပါကစ္စတန် ရွေးကောက်ပွဲတွေမှာ သမ္မတ ပါဗက်ဇ် မူရှာရက်ဖ်ရဲ့ မဟာမိတ်ပါတီတွေ ရှုံးနိမ့်ခဲ့ရပေမယ့်လည်း တနင်္လာနေ့မှာ ပေါ်ပေါက်လာတော့မယ့် အစိုးရသစ်ကို သူ့အနေနဲ့ အပြည့်အဝထောက်ခံသွားမယ်လို့ ပါကစ္စတန် သမ္မတ မူရှာရက်ဖ်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ပါကစ္စတန် အမျိုးသားအောင်ပွဲနေ့မှာ ပါကစ္စတန်မြို့တော်က စစ်ရေးပြ အခန်းအနားတခုမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ခေတ်သစ် ပါကစ္စတန်မှာ စတင်နေပြီလို့ ထည့်သွင်းမိန့်ခွန်း ပြောကြားသွားပါတယ်။

စစ်ရာထူးကို မစွန့်လွှတ်ဘဲ သူအုပ်ချုပ်ခဲ့တဲ့ ပါကစ္စတန်ရဲ့ ကိုးနှစ်တာကာလကို ဒီမိုကရေစီနဲ့ ဖွင့်ဖြိုးတိုးတက်ရေး ရှေ့ရှုတဲ့ ခရီးရှည်နှစ်တွေအဖြစ် ကာကွယ်ပြောကြးသွားပါတယ်။ ဘယ်လိုအစိုးရမျိုးပဲ ဖွဲ့စည်းပေါ်ပေါက်လာပါစေ စစ်အစိုးရဟာ ပါကစ္စတန်က နိုင်ငံရေး ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားပြီး အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို ဆက်ပြီးတိုက်ပွဲဝင်သွားလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း သမ္မတ မူရှာရက်ဖ်က ပြောဆိုပါတယ်။

၁၉၄၀ မတ်လ ၂၃ရက်နေ့မှာ အိန္ဒိယ လွတ်လပ်ရေးမရခင် ကတည်းက ပါကစ္စတန်နိုင်ငံရဲ့ အိန္ဒိယကနေ ခွဲထွက်ဖို့ဆုံးဖြတ်ချက်ချခဲ့ ဒီနေ့ကို ပါကစ္စတန် အမျိုးသားအောင်ပွဲအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG