သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းတွင် ဖာတာနှင့် ဟားမားစ်တို့ တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူကြပြီ


လွန်ခဲ့တဲ့ ကိုးလလောက်တုန်းက ဟားမားစ်
(Hamas) အဖွဲ့က ဂါဇာကမ်းမြောင်ဒေသကို ထိန်း
ချုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်
ပြိုင်ဖက် ပါလက်စတိုင်း အုပ်စုနှစ်ခုဖြစ်တဲ့ ဖာတာ
(Fatah) နဲ့ ဟားမားစ်အဖွဲ့တို့ဟာ တိုက်ရိုက်
တွေ့ဆုံ ဆွေးနွေးကြဖို့ သဘောတူလိုက်ကြပြီ
ဖြစ်ပါတယ်။

ဖာတာနဲ့ ဟားမားစ်အဖွဲ့တို့ အခုလို တိုက်ရိုက် စကားပြောကြမယ့်အကြောင်း သဘောတူညီ
ချက်ကို ယီမင်နိုင်ငံမြို့တော် ဆာနား (Sanaa)
မှာ မနေ့က လက်မှတ် ရေးထိုးလိုက်ကြတာပါ။ ပါလက်စတိုင်း ပြန်လည် ရင်ကြားစေ့
ရေးကိစ္စအတွက် နှစ်ဘက်ကိုယ်စားလှယ်တွေဟာ ယီမင် စေ့စပ် ညှိနှိုင်းရေးမှူးတွေနဲ့
သီးခြားစီ တွေ့ဆုံနေခဲ့ကြတာပါ။

မကြာခင်ကာလတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမတိုင်ခင်က အခြေအနေကို ပြန်
ရောက်ဖို့ ယီမင်က ကြားဝင် ဆောင်ရွက်ပေးတဲ့ အခြေခံမူကို လက်ခံမယ့်အကြောင်း
နှစ်ဘက်စလုံးက ပူးတွဲကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေငြာချက်က ၂၀၀၇ ခုနှစ် ဇွန်လတုန်းက ပါလက်စတိုင်း သမ္မတ မာမွတ် အဘာ့စ်
(Mahmoud Abbas) ကို သစ္စာခံတဲ့ ဖာတာအဖွဲ့ထံကနေ ဟားမားစ်အဖွဲ့က ဂါဇာ
ကမ်းမြှောင်ဒေသကို သိမ်းပိုက်ခဲ့တဲ့ကိစ္စကို ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG