သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ကို သပိတ်မမှောက်ဘူးလို့ ပြင်သစ် အပြတ်မပြောနိုင်


တရုတ်နိုင်ငံက တိဘက်ကအခြေအနေတွေကို တာဝန်
သိသိ မကိုင်တွယ်ဘူးဆိုရင် ပြင်သစ်နိုင်ငံအနေနဲ့ ဘေဂျင်းအိုလံပစ်ပွဲတော်ကို သပိတ်မမှောက်ဘူးလို့ အပြတ်မပြောနိုင်တဲ့အကြောင်း သမ္မတ နီကိုလပ်စ်
ဆာကိုဇီ (Nicolas Sarkozy) က ဒီနေ့ပြောဆိုလိုက်ပါ
တယ်။

တရုတ်ခေါင်းဆောင်တွေနဲ့ ပြည်ပရောက် တိဘက်
အစိုးရ ကိုယ်စားလှယ်တွေအကြား တွေ့ဆုံဆွေးနွေးဖို့ သူလိုလားတယ်လို့ မစ္စတာဆာကိုဇီက ဒီနေ့ပြောဆို
လိုက်တာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံက ဘေဂျင်းအိုလံပစ်ပွဲတော်ကို သပိတ်
မှောက်မယ်လို့ အခုအချိန်ထိတော့ မပြောသေးပါဘူး။
ဒါပေမယ့် တိဘက်အခြေအနေကို တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး အပြီးသတ်ဆုံးဖြတ်ရပါ
လိမ့်မယ်လို့ သမ္မတဆာကိုဇီက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မနေ့က ဂရိနိုင်ငံ အိုလံပီယာမြို့ဟောင်းမှာပြုလုပ်ခဲ့တဲ့ အိုလံပစ်မီးရှူးတိုင် မီးထွန်းညှိတဲ့ အခမ်းအနားမှာ တရုတ်အိုလံပစ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ မိန့်ခွန်းပြောနေစဉ် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ဝင်တဦးက ကန့်ကွက်တဲ့အလံကို ဖြန့်ကိုင်ဆန္ဒပြခဲ့ပါတယ်။ အဲဒီသတင်းကို တရုတ်မီဒီယာတွေမှာ ဖော်ပြခြင်းမရှိပါဘူး။

အဲဒီဖြန့်ပြခဲ့တဲ့အလံမှာ အိုလံပစ်သင်္ကေတ အားကစားအလံပါ အကွင်းလေးတွေရဲ့
နေရာမှာ လက်ထိပ်ပုံစံတွေကို ဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG