သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူရှာရက်ဖ်ရဲ့ ရန်ဘက်ဟောင်း ပါကစ္စတန် ဝန်ကြီးချုပ်သစ် ဂီလာနီး ကျမ်းသစ္စာကျိန်ဆို


ပါကစ္စတန်သမ္မတ ပါဗက်ဇ် မူရှာရက်ဖ် (Pervez
Musharraf) က ဝန်ကြီးချုပ်သစ် ယူးဆုဖ်
ရယ်ဇား ဂီလာနီး (Yousuf Raza Gilani) ကို
ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုစေပြီး တာဝန်ပေး
လိုက်ပါတယ်။ အစ္စလမ်မာဘတ်မြို့ သမ္မတ အိမ်တော်မှာပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ
အခမ်းအနားကို သမ္မတ မူရှာရက်ဖ်က
ဦးဆောင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်သစ် ဂီလာနီးဟာ သမ္မတ မူရှာရက်ဖ် အစိုးရလက်ထက်မှာ လေးနှစ်ကျော် ထောင်ကျ
ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဘနာဇာဘူတို
(Benazir Bhutto) ရဲ့ ပီပီပီပါတီဝင်တဦးလည်း ဖြစ်ပါတယ်။

မစ္စတာဂီလာနီး ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးပြီးချင်းဆိုသလိုပဲ ပီပီပီပါတီ
ဝင်တွေက (Long Live Bhutto) ဘူတိုအသက်ရှည်ပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG