သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအခြေစိုက် မြန်မာအတိုက်အခံတွေ စိစစ်ခံနေရ


ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ မြန်မာ
စစ်အစိုးရနဲ့ ဆက်ပြီး လက်နက်ကိုင်တိုက်
ခိုက်မှုတွေ ဖြစ်နေဆဲရှိတဲ့ ကရင်အမျိုးသား
အစည်းအရုံး (ကေအန်န်ယူ) နဲ့ ကရင်နီ
အမျိုးသား တိုးတက်ရေးပါတီ (ကေအန်န်
ပီပီ) တို့ရဲ့ ထိုင်းနယ်စပ် ဆက်သွယ်ရေးရုံး
တွေကို ထိုင်းလုံခြုံရေးအာဏာပိုင်တွေက
ဝင်ရောက်စီးနင်းရှာဖွေပြီး ဒီအဖွဲ့အစည်းတွေ ထိုင်းနယ်မြေအတွင်းမှာ ရပ်တည်လှုပ်ရှား
တာတွေမလုပ်ဖို့ ဖိအားပေးမှုတွေ ရှိနေတယ်
လို့ သိရပါတယ်။ အကြောင်းစုံကို
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

ကေအန်န်ယူ ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာနယ်စပ်တွင်း သူတို့ထိန်းချုပ်
ထားတဲ့ နေရာတွေမှာ စစ်ရေးအရ အခြေချလှုပ်ရှားနေရတာ ဖြစ်ပေမယ့် ဆက်သွယ်
ရေးရုံးတွေ၊ ထောက်ပံ့ရေးကိစ္စတွေကို ထိုင်းနယ်စပ်ဘက်ကနေ ဆောင်ရွက်နေရတဲ့
သဘော ရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ ကေအန်န်ယူဆိုတာကလည်း ထိုင်း-မြန်မာနယ်စပ်
တလျှောက်မှာ ဟိုးတုန်းကတည်းက အပြန်အလှန် အမှီသဟဲပြုပြီးတော့ ရပ်တည်နေ
ခဲ့ကြတာပါ။

ဒါပေမယ့် အခုနောက်ပိုင်း ထိုင်း-မြန်မာ စီးပွားရေးဆက်ဆံမှုတွေ အားကောင်းလာတဲ့
နောက် နယ်စပ်စီးပွားရေးနဲ့ အခြားစွမ်းအင်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု
တွေမှာ ကေအန်န်ယူနဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်တွေဟာ အနှောင့်အယှက်
တခုလို ဖြစ်လာတယ်လို့ ထိုင်းဘက်က ယူဆလာပုံရပါတယ်။ အခုနောက်ပိုင်းတက်
လာတဲ့ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး (Samak Sundaravej) လက်ထက်မှာ
ဆိုရင် မြန်မာအစိုးရနဲ့ စီးပွားရေးဆက်ဆံမှုတွေ ပိုအလေးပေးလာတာ တွေ့ရပါတယ်။

ဒါပေမယ့် အခုလို မဲဆောက်မြို့က ကေအန်န်ယူရုံးတွေကို ထိုင်းလုံခြုံရေးတပ်တွေ
ဝင်ရောက်စီးနင်းရှာဖွေတာမျိုးတွေ အရင်ဝန်ကြီးချုပ် သက်ဆင်လက်ထက်မှာတောင် မတွေ့ခဲ့ရပါဘူး။ အခု ဒီကနေ့မနက်ပိုင်းမှာတော့ မဲဆောက်ဝန်းကျင်က ကေအန်န်ယူ
အဖွဲ့အစည်းရဲ့ ဆက်သွယ်ရေးရုံး အနည်းဆုံး အိမ် ၁၂ လုံးကို ထိုင်းလုံခြုံရေးတွေက
ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် ကေအန်န်ယူခေါင်းဆောင်ပိုင်း အတော်များများ
ကတော့ သတင်းအရ ကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြတယ်လို့ ကေအန်န်ယူအသိုင်းအဝိုင်း သတင်းတွေအရ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ကေအန်န်ယူအဖွဲ့ဝင်တဦးဖြစ်တဲ့ မခိုင်မာကျော်ဇောကို ကျနော် မေးကြည့်ပါတယ်။

“ဝင်စစ်တယ်လေ၊ ဒီမနက် ၇ နာရီလောက်က”

ဝင်ရှာတယ်ဆိုတာက ပစ္စည်းရှာတာလား၊ လူကိုပါရှာတာလား။

“ဒီလူတွေအိမ်လား၊ ဒီခေါင်းဆောင်တွေအိမ်ဟုတ်လားပေါ့။ သူတို့မှာ စာရင်းလည်း
ရှိပြီးသား။ ဒီမှာနေတယ်ဆိုတာ အိမ်နံပါတ်တွေ ဘာတွေလည်း သူတို့သိတယ်။ သူတို့ စာရင်းယူလာတယ်၊ ဓာတ်ပုံနဲ့။ ပစ္စည်းရှာတာကတော့ အဓိက လက်နက်ပေါ့။ နောက် သူတို့ကပြောတယ်။ ခေါင်းဆောင်တွေဖြစ်တယ်၊ အဖွဲ့တွေဖြစ်တယ်ဆိုရင် ဒီမှာ အခြေ ချလို့မရဘူးပေါ့။ ကိုယ့်နယ်မြေ တော်လှန်ရေးလုပ်တယ်ဆိုရင် ကိုယ့်နယ်မြေမှာပြန်ပြီး အခြေချဖို့ပြောတယ်။ ကျန်တာ ပစ္စည်းသိမ်းတာ၊ ဖမ်းတာဆီးတာတော့ မရှိဘူး။”

အခုလာတာက ထိုင်းရဲကလား၊ စစ်တပ်ကလား။

“နှစ်ဖွဲ့လုံးပဲ။ ဝင်တဲ့နေရာတိုင်း နှစ်ဖွဲ့လုံးပဲဝင်တယ်။”

အရင်တုန်းကဆိုရင် မဲဆောက်မှာ ကေအန်န်ယူဘက်က ဆက်သွယ်ရေးရုံးလေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ထိုင်းဘက်က အနှောင့်အယှက်ပေးတာမရှိဘူး။ အခုမှ ထူးထူးခြားခြားဖြစ်လာတာ ဘယ်လိုများ ယူဆပါသလဲ။

“ကျမတို့ယူဆချက်ကတော့ နအဖစစ်အစိုးရနဲ့ အခုတက်လာတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့က ဆက်ဆံရေးပိုအဆင်ပြေတယ်။ မြန်မာနိုင်ငံကပြန်လာတာလည်း သိပ်မကြာသေးဘူး။
နောက် ထိုင်းဘက်ကလည်း သူတို့သဘောထားကို ပြောပြီးသား။ သူတို့က မြန်မာအစိုး
ရနဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်သွားဖို့ ကြေညာထားပြီးသား ဖြစ်တယ်ဆိုတော့၊
တဖက်ကလည်း ကျမတို့ရဲ့ သတင်းတွေအရဆိုရင် လွန်ခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က
မြဝတီဘက်ကမ်းက ဒီကေဘီအေ အခြေစိုက်တဲ့နေရာမှာ နအဖရယ်၊ ဒီကေဘီအေ
ရယ်၊ ကေအန်ယူကခွဲထွက်သွားတဲ့ ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့
ရယ် အစည်းအဝေးလုပ်ကြတယ်။ အခု ထိုင်းကလည်း စစ်အစိုးရနဲ့ပူးပေါင်းပြီးတော့ စီးပွားရေးလုပ်မယ်ဆိုတော့ ပူးပေါင်းဆောင်ရွက်ချက်လို့ထင်တယ်။ နောက်တချက်က
အခုလာမယ့် မတ်လ ၂၇ ရက်၊ တော်လှန်ရေးနေ့ မြဝတီမှာ စီးပွားရေးစက်မှုဇုန်ဖွင့်ပွဲ
ရှိတယ်။ ဒါကြောင့် အဲဒါမတိုင်ခင် ရှင်းလင်းထားတယ်လို့ ကျမတို့အနေနဲ့ သုံးသပ်လို့
ရပါတယ်။”

ထိုင်းနိုင်ငံနဲ့ ကေအန်န်ယူဆက်ဆံရေးက ဟိုတုန်းကတည်းက တောက်လျှောက်လိုလို တော်တော်လေး အဆင်ပြေခဲ့ပါတယ်။ အခုနောက်ပိုင်း ထိုင်းနိုင်ငံဘက်က လုပ်လာ
ကိုင်လာတာတွေနဲ့ပတ်သက်လို့
ကေအန်န်ယူအတွက် တစုံတရာ ထိခိုက်နိုင်လား၊
မခိုင်မာ ဘယ်လိုယူဆပါလဲ။

“အဲဒါက နှစ်ပိုင်းရှိနိုင်တာပေါ့။ အခုတက်လာတဲ့ ထိုင်းအစိုးရက အပြောင်းအလဲ တပိုင်း
ဖြစ်လာသလို တချိန်တည်းမှာလည်း အောက်ခြေပိုင်း မြို့နယ်ပိုင်းဆိုင်ရာတွေနဲ့တော့
ဆက်ဆံရေးက ကောင်းပါတယ်။ သတင်းအရပဲဖြစ်ဖြစ်၊ နားလည်မှုတွေတော့ ရှိကြပါ
တယ်။ ဒါပေမယ့် အခုတက်လာတဲ့ ဝန်ကြီးချုပ်ရဲ့ အပြောင်းအလဲပေါ်လစီကြောင့်လည်း
ဖြစ်နိုင်တယ်။ ဒီဟာကလည်း နယ်မြေဆိုင်ရာက စစ်တာမဟုတ်ဘဲ ထိပ်ပိုင်းက
ဆုံးဖြတ်ချက်အရ စစ်တာပေါ့။ ဒါကြောင့်မို့လည်း ကျမတို့ သတင်းကြိုရတာပေါ့။
Surprise Check ပုံစံမျိုးမဟုတ်ဘဲ ဒီမှာရှိနေတဲ့ ဆက်ဆံရေးဌာနတွေက ကြိုသတင်း
ပေးတာမျိုးလေ။ ကြိုသိရတာပေါ့။ တကယ်လို့သာ ဆက်ဆံရေးအဆင်မပြေထားဘူး
ဆိုရင် ဒီလိုသတင်းတွေ မရနိုင်ဘူးလေ။”

ပြီးခဲ့တဲ့ တနင်္လာနေ့ မတ်လ ၂၄ ရက်နေ့ကတော့ မဲဟောင်ဆောင်မှာရှိတဲ့ ကေအန်န်
ပီပီ ကရင်အမျိုးသားတိုးတက်ရေးပါတီ ဆက်သွယ်ရေးရုံးတွေကိုလည်း ထိုင်းအာဏာ
ပိုင်တွေဘက်က အလားတူ ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ကေအန်န်ပီပီ အတွင်းရေးမှူး ခူးရီမန်ထူးကတော့ အခြေအနေက ကြားရ
သလောက် မဆိုးတဲ့သဘော အခုလို တုံ့ပြန်ပါတယ်။

“ကျနော်တို့ကိုတော့ သူတို့ ဘာမှ ထူးထူးခြားခြား မလုပ်သေးပါဘူး။ ဘယ်မှာနေလဲ၊ ဘယ်ရပ်ကွက်မှာနေလဲ၊ ဘယ်သူက တာဝန်ခံပြီးနေလဲ။ အဲဒီလောက်ပါပဲ။”

ဟုတ်ကဲ့၊ ထိုင်းက ရဲရော စစ်တပ်ရော ပါတယ်လို့ ကြားရပါတယ်။

“ကျနော်တို့နဲ့ရင်းနှီးတဲ့လူတွေပဲ လာပြီးမေးမြန်းတာပါ။”

တစုံတရာဖိအားပေးတာမျိုးတွေရော ရှိပါသလား။

“ဘာမှမရှိသေးပါဘူး။”

အခုလို နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ထိုင်းဘက်က ဖိအားပေးနေပြီဆိုတဲ့ အခြေအနေကြောင့် အခြား မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု
တွေကိုလည်း တစုံတရာ ရိုက်ခတ်လာခြေရှိပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာတော့ အဓိကကျတဲ့ တိုင်းရင်းသားအဖွဲ့အစည်းဟာ ကေအန်န်
ယူ ဖြစ်ပါတယ်။ အခုဖြစ်တဲ့ကိစ္စတွေဟာ နယ်စပ် ထိုင်း-မြန်မာ စီးပွားရေးနဲ့ စွမ်းအင်
လုပ်ငန်းဆိုင်ရာ လုံခြုံရေးအတွက် ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံဘက်
က ထိုင်းဘက်ကို သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ဓာတ်ငွေ့ရောင်းချနေတာတွေဟာ ကေအန်န်ယူနယ်မြေကို ဖြတ်သန်းရသလို၊ အခု ထိုင်းနဲ့ အကြီးအကျယ်ဆောက်လုပ်
မယ့် တာဆန်းရေကာတာစီမံကိန်းဟာလည်း ကေအန်န်ယူနဲ့ ကေအန်န်ပီပီ ထိန်းချုပ်
ရာနေရာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် မြန်မာ-ထိုင်း အာရှလမ်းမဖောက်လုပ်
ရေး၊ နယ်စပ်စီးပွားရေးဇုန် တည်ဆောက်ရေးအတွက် နေရာတွေဟာလည်း ကေအန်န်ယူထိန်းချုပ်နယ်မြေတွေနဲ့ ဆက်စပ်နေတာမို့ အခုဖိအားတွေဟာ ဒါကြောင့် ဖြစ်လာတယ်လို့ ယူဆစရာရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG